Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဖေဖြစ်သူကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံ

မော်ဒယ်၊ သရုပ်ဆောင် ဆောင်းယွန်းစံ က ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ရသူ အဖြစ် ပရိသတ်တွေ သတိထားမိခဲ့ကြပေမယ့် ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေ ပိုပြီးသိရှိလာခဲ့တာလဲ ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ ခုလို လူတွေကြားမှာ မကျော်ကြားခဲ့စဥ်က ကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲအဖြစ်အပျက်တစ်ချို့ကို ခုလိုဘဲ ပြောပြလာခဲ့ပါတယ်။

သူပြောပြလာတာကတော့ ” ဖေဖေ့ကို ကျေးဇူးတင်လွှာပါ။ ဖေဖေနဲ့မေမေအိမ်ထောင်သက်သုံးဆယ့်ငါးနှစ်အတွင်း မေမေ့ကိုလည်း အရမ်းချစ်ပေးပီး ဒီသားသမီးလေးယောက်ကိုလည်း လိုလေးသေးမရှိ ဖြည့်ဆည်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်.🥰🥰”

“ဖေဖေရဲ့ အမျှော်အမြင် ကြီးမူ့တွေကိုလည်း အမြဲလေးစားရပါတယ်.. ဆောင်းယွန်းတို့အိမ် မီးလောင်ဘူးတယ်.. သိန်းကို ရာနဲ့ချီပီး အလိမ်ခံရဘူးတယ်… ဒီလိုဒုက္ခတွေ အများကြီးရောက်ခဲ့တာတောင် ဆောင်းယွန်းတို့ရှေ့မှာအပြုံးမပျက် မားမား မတ်မတ် ရပ်တည်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးပါ🥰”

“ခုချိန်ထိ ဆောင်ယွန်းတို့ဆီက ဘာမှ မရယူပဲ ပေးဆပ်မူ့တွေပဲရှိလို့ တောင်းပန်ပါတယ်..ဆောင်းယွန်းတို့ ဖေဖေနဲ့မေမေကိုကျေးဇူးဆပ်နိုင်အောင် အမြဲ ကြိုးစားပါ့မယ်…” လို့ ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဆောင်းယွန်းစံဟာ လက်ရှိမှာတော့ ရုပ်ရှင်ကားတစ်ချို့မှာ ပါဝင်သရုပ်ဆောင်နေပြီး mtv တွေ ကြော်ငြာတွေရိုက်ကူးပုံဖော်လျက်ရှိပါတယ်။

Snow(mcc)

(Visited 672 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ