Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဖေနဲ့ အမေကိုလွမ်းတဲ့ အကြောင်းပြောပြလာတဲ့ မြတ်ကေသီအောင်

ပရိသတ်ချစ်တဲ့ အကယ်ဒမီမြတ်ကေသီအောင်ဟာ ယခုနောက်ပိုင်း အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သူချစ်တဲ့ ပရိသတ်တွေနဲ့ကတော့ ဖေ့စ်ဘုတ် မှာ အမြဲ တွေ့ဆုံလေ့ရှိပါတယ်။ သူမဟာ မိဘတွေမရှိတော့ပေမယ့် မောင်နှမနှစ်ယောက် အတူတူရုန်းကန်ရင်း စီးပွားရေး အလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂ရက်လောက်က မိဘတွေအတွက် ရည်စူးပြီး ဝါဆိုသင်္ကန်းဆပ်ကပ်ခဲ့တဲ့အကြောင်းကို ရေးသားဖော်ပြလာခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ ” လပြည့်နေ့လေး ကိုယ့်ဘုန်းဘုန်းကျောင်းမှာ အပါးနဲ့အမေ့တွက်ရည်စုူးပြီး ဝါဆိုသင်္ကန်းကပ်…ဘုန်းဘုန်းများနဲ့ ဧည်သည်စားဖို့ ထမင်းကြော် ပွဲ၃၀,ပူတင်းဗူး၅၀,မြန်မာမုန့်မိူးစုံ,ဆနွင်မကင်းနဲ့ကန်ဇွန်းဥ ကျောက်ကျော(သူငယ်ချင်းကလုပ်ပေး)လေးတွေ ကိုယ်တတ်နိုင်သလောက်ဒါနပြုခဲ့တယ်။ သမီးလုပ်ပေးသမျှ ကုသိုလ်တွေအားလုံး အပါးနဲ့အမေ ရောက်ရာဘုံဘဝက သာဓုခေါ်နိင်ပါစေ..ချစ်တဲ့ သမီးကြီး လွမ်းနေပါတယ် ” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

သူမဟာ ယနေ့မှာ စီးပွားရေးထပ်မံ တိုးချဲ့မယ့်အကြောင်းကိုလဲ ရေးသားဖော်ပြလာပါတယ်။သူမက” ဒုတိယကော်ဖီဆိုင်လေးဖွင့်ဖို့ဆိုင်သစ်လေးရဲ့ ခြေလှမ်းအစ(မြောက်ဒဂုံ တော်ဝင်အိမ်ယာဝင်း)ဖွင့်ပြီဆို အားလုံးကို အသိပေးပါ့မယ် လာအားပေးကြပါနော်…” လို့လဲ သူ့ရဲ့ ဆိုင်အသစ်လေးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးရေ မြတ်ကေသီအောင်ရဲ့ ဆိုင်သစ်လေးကိုလဲ မျှော်လင့်စွာစောင့်စားရင်း သူမရဲ့ မိဘတွေအတွက် အလှူပြုခဲ့တာကိုလဲ သာဓုခေါ်ပေးလိုက်ကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Source – Myat Kay Thi Aung ‘sfb

(Visited 1207 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ