Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အပြုံးတွေပျောက်ဆုံးနေတဲ့ ရည်ရွယ်ချက်မရှိဘဲ ရိုက်မိတဲ့ ပုံလေးတွေကို ချပြလာတဲ့ နေတိုး

ပရိသတ်တွေရဲ့အချစ်တော် မြန်မာနိုင်ငံရဲ့ နံပတ်တစ် မင်းသားဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင်နေတိုးဟာ သူချစ်တဲ့ပရိသတ်တွေကို အပြုံးချိုချိုလေးနဲ့ ပုံတွေသာတင်လေ့ရှိပါတယ်။ သို့ပေမယ့် ယနေ့မှာတော့ ပြုံးထားတဲ့ပုံမပါတဲ့ Selfie ပုံတွေကို ချပြလာပါတယ်။

အဲ့ဒီပုံတွေကို ရိုက်ကူးဖြစ်တဲ့အကြောင်းကို ” ရည်ရွယ်ချက်မဲ့စွာရိုက်လိုက်မိတဲ့ selfie ပုံ​တွေပါ အပြုံး​တွေ​ပျောက်ဆုံးနေတာက​တော့နှုတ်ခမ်း​မွှေး​တွေ​ကြောင့်လားမြင်နေရတဲ့fashion​ကြောင့်လား​တော့မသိ ဘာ​ကြောင့်ဖြစ်မယ်ထင်လဲ.?😶” လို့ဆိုကာ နေတိုးက သူ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

နေတိုးဟာ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် တစ်ဦးဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲ ဖြစ်ပါတယ်။ သူက ဇာတ်ရုပ်တိုင်းကိုလဲ အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်ပြီး အကယ်ဒမီ ၃ဆုကို ဆွတ်ခူးရရှိထားသူပါ။ သူက နှစ်စဥ်နှစ်တိုင်းလိုလို ရုပ်ရှင်ကားတွေ များစွာရိုက်ကားရသလို အကယ်ဒမီ ဆန်ကာတင် စာရင်းမှာလဲ အမြဲပါဝင်ခဲ့သူပါ။

ယခုနှစ်မှာလဲ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ အကယ်ဒမီ ဆုချီးမြှင့်မယ့် ရုပ်ရှင်ကား စာရင်းဝင်ခဲ့ပြီး လေးထပ်ကွမ်း အကယ်ဒမီဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှတ်နေကြပါတယ်။ ပရိသတ်တွေ ရဲ့ ဆန္ဒနဲ့ ထပ်တူကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 1261 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ