Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အပျိုပေါက်စအရွယ်တုန်းက တင်ပါးကိုကိုင်တာခံခဲ့ရဖူးတယ် ဆိုတဲ့ နေခြည်ဦး

သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ဆိုသလို ကြားသိနေရပြီးလတ်တလောမှာဟစ်ဖြစ်နေတဲ့ နေပြည်တော်ရဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး ကလေးတွေအတွက် Body Safety ပိုင်းကိုသင်ပေးဖို့လိုအပ်ကြောင်းပြောရင်း သူမ ငယ်စဉ်အခါကလဲ အမည်မသိအမျိုးသားတစ်ဦးရဲ့ Sexual Harassment လုပ်ခံခဲ့ရဖူးကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူမဟာ အဲ့လို ဖြစ်ပြီးနောက် နှစ်နဲ့ချီပြီးစိတ်ဒဏ်ရာရခဲ့ပါတယ်လို့လဲ ပြောပြလာပါတယ်။

သူမပြောပြလာတဲ့ အပြည့်အစုံကတော့ “နေခြည် ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်က Sexual Harassment လုပ်ခံခဲ့ရဖူးပါတယ်။ သြင်္ကန်မှာပေါ့။ နေခြည်တို့က ငယ်ငယ်က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာ နေတာပါ။ နေခြည် လမ်းမထွက်ပြီး ရေပက်တဲ့ အချိန်မှာ နေခြည့်နောက်ကနေ ယောကျ်ားတယောက်က နေခြည့်တင်ပါးကို ကိုင်ပါတယ်။ စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်”

“ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။ အပျိုဖော်ဝင်တဲ့ အရွယ်ဖြစ်နေပြီ။ အဲဒီအချိန်က တကယ်ရှက်တယ်။ လှည့်လည်း မကြည့်ရဲဘူး။ သူက ၅ မိနစ်လောက် ကိုင်တဲ့အချိန်မှာ နေခြည် မခံစားနိုင်တော့ဘူး။ နေခြည့် အိမ်ကိုပြေးပြီး နေခြည် တောက်လျှောက် ငိုခဲ့ရတယ်။ မိဘကိုလည်း မပြောခဲ့ရဘူး။ ဘယ်လိုပြောရမှန်း မသိခဲ့ဘူး။ နေခြည့်အဖေကို ပြောလိုက်ရင် သတ်မယ်၊ ဖြတ်မယ် လုပ်မှာပဲ။ဒါပေမဲ့ နေခြည် ဘယ်သူမှန်းလဲ မသိခဲ့ရဘူး။ အဲဒီ စိတ်ဒဏ်ရာက ၃၊ ၄နှစ်လောက်ထိ Carry on လုပ်လာပါတယ်။ ၁၆ နှစ်၊ ၁၇ နှစ် ရောက်တော့ စာတွေ ဖတ်ခဲ့ရတယ်။ နေခြည် ဒီလို မပြောဘဲနေခဲ့ရတာက နေခြည့် လိုအပ်ချက်တွေပေါ့။ နေခြည့်ကို သင်ပေးမယ့်သူလည်း မရှိဘူး” ဆိုကာ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြောပြလာခဲ့ပါတယ်။

လတ်ရှိမှာတော့ နေခြည်ဦးဟာ အသက်အရွယ်အရလဲ ရင့်ကျက်တည်ငြိမ်နေတဲ့ အရွယ်ဖြစ်နေပြီး အရာရာကို စဉ်းစား ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်တွေရှိနေတဲ့အပြင် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လဲဖြစ်နေပါပြီ။ သူမလို ထက်မြတ် သွက်လပ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲမှာတောင် ဒီလိုစိတ်ဒဏ်ရာတစ်ချို့ရှိခဲ့တယ်ဆိုရင် တခြားသော အမျိုးသမီးတွေမှာလဲ ဒီလိုတွေ မဖြစ်ခဲ့ဘူးလို့မပြောနိုင်ပါဘူး။ ဒါကြောင့် ကလေးငယ်လေးတွေကို Body Safetyပိုင်း အသေးစိတ်သင်ပေးဖို့လိုအပ်ပါတယ်။

ဖတ်ရှု့ပေးတဲ့ပရိသတ်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – Eleven media

(Visited 1352 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ