Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အပျိုကြီးဆိုသော်လည်း Valentine’s Day Surprise လုပ်ခံလိုက်ရတဲ့ ဖွေးဖွေး

မြန်မာနိုင်ငံရဲ့ ပရိသတ်အင်အားအလွန်ကိုတောင့်တင်းတဲ့ အနုပညာရှင်စာရင်းမှာပါဝင်နေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီဖွေးဖွေးဟာ ယနေ့ချစ်သူများ အတွက် ကို Surprise အကြို ရရှိခဲ့ပါတယ်။ သူမက အပျိုကြီးစာရင်းတဲ့ အသက် ၃၀ကျော်အရွယ် ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ယနေ့အချိန်ထိ ပရိသတ်တွေက ကလေးလေးတစ်ယောက်လို ချစ်နေပေးကြတုန်းပါဘဲ ။

ယခု ၂၀၂၀ခုနှစ်ရဲ့ ချစ်သူများနေ့မှာတော့ သူမကို ချစ်တဲ့ပရိသတ်တွေက အပျိုကြီးမမ ဖွေးလေးအတွက် နှင်းဆီပန်းတွေ ကိတ်မုန့်တွေနဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ညက Surprise အကြိုလုပ်ခဲ့ပါတယ်။ သူမကို Surprise လုပ်တဲ့ ချစ်ရတဲ့ပရိသတ်တွေကို ခုလိုဘဲ အမှတ်တရလေးပြောခဲ့ပါသေးတယ် ။

ဖွေးဖွေး ပြောခဲ့တာလေးကတော့ ” I’m not very good with Surprises but since its from the very special loved ones … I feel so appreciated …& lucky အိမ်​နေရင်းနဲ့​​ခေါင်းလာ​လျှော်တာ ဆိုင်ထဲကလဲထွက်​ရော…ဒန် တန့် တန်!!!! ယူတို့ပါပဲ ယူတို့ရယ် Love You All … 💖💖💖💖💖Siblings from another mother … xX mwah” လို့ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

ဖွေးဖွေး ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ သူမကိုပျော်ရွှင်အောင် ဖန်တီးပေးခဲ့ကြသလို သူမကလဲ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ် ဆိုတာကြောင့် ဖွေးဖွေး ရဲ့အချစ်ကလေးတွေ ကျေနပ်နေကြပြီ မဟုတ်လား။ ချစ်သူများနေ့မှာ ချစ်တက်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေနော်။

Snow(mcc)
Source – SYKO’sfb

(Visited 2093 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ