Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အန်တီ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်း ဦးသန်းထွဋ် ရဲ့ ဈာပန သို့ရောက်ရှိလာကြသူများ

အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေ ရဲ့ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ် အသက် (၇၇)ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့၊ ည ၇နာရီ ၁၂မိနစ် က ရန်ကုန်မြို့ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ဦးသန်းအောင်(ခ)ဦးသန်းထွဋ်ဟာ တစ်ချိန်က မင်းသားကြီး တစ်ယောက်လဲ ဖြစ်ခဲ့သလို၊ ဇာတ်ညွှန်းတွေလဲ ရေးသားခဲ့ပြီး ၊ ဒါရိုက်တာအဖြစ်နဲ့လဲ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးခဲ့ပါသေးတယ်။

ဦးသန်းအောင်(ခ)ဦးသန်းထွဋ် ရဲ့ ဈာပနကို ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီက ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဈာပန ကို အနုပညာအသိုင်းအဝိုင်း မိတ်ဟောင်းဆွေဟောင်းများ၊ မိသားစုဝင်များနဲ့ အခြားသောဆွေမျိုးအပေါင်းအသင်းများ လာရောက်ခဲ့ကြပါတယ်။ ဦးသန်းထွဋ်ရဲ့ ဈာပနအတွက် အခေါင်းကိုတော့ ဦးကျော်သူကိုယ်တိုင် ကျောက်စီကွမ်းသီးလက်မှုအနုပညာ ဖြင့် စီစဉ်ပြုလုပ်ပေးခဲ့တယ်လို့လဲ သိရပါတယ်။

အန်တီဝါဝါ၀င်းရွှေ၊ သားနှစ်ယောက်ဖြစ်သူ ဝင်းထွဋ်ဝင်းနဲ့ ဝါဇင် တို့အတွက် အလွန်စိတ်မကောင်းဖြစ်ရသလို ဦးသန်းထွဋ် တစ်ယောက်လဲ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနေထိုင်နိုင်ပါစေ၊ ကောင်းတဲ့ဘုံကိုရောက်၇ှိပါစေလို့ ဆုမွန်ကောင်းတောင်း ပေးပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – U Aye Kyu Lay’sfb၊ New Watch၊ Kyaw Thu

(Visited 3540 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ