Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အန်တီ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းမင်းသားကြီး ဦးသန်းထွဋ် ကွယ်လွန်

အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ခင်ပွန်းဖြစ်သူ တစ်ချိန်က ဇာတ်ညွှန်းရေးဆရာလဲဖြစ်၊ မင်းသား လဲဖြစ်တဲ့ ဦးသန်းထွဋ်ဟာ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့က ရန်ကုန်မြို့ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းဆိုးဟာ အန်တီဝါဝါဝင်းရွှေရဲ့ အပြုံးလှလှလေးတွေကို ဖုံးလွှမ်းလိုက်ပါပြီ။

အန်တီတော်တော်လေး စိတ်ထိခိုက်နေရှာမှာပါ။ အန်တီဝါဝါဝင်းရွှေနဲ့ ကွယ်လွန်သူဦးသန်းထွဋ်တို့မှာ သားနှစ်ယောက်ရှိပြီး သရုပ်ဆောင် ဝါဇင်နဲ့ ဝင်းထွဋ်ဝင်းတို့ဖြစ်ပါတယ်။ အန်ကယ် ဦးသန်းထွဋ် ဟာ အသက် (၇၆) နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

အဆိုပါသတင်းကြောင့်အနုပညာ အသိုင်းအဝိုင်းက တော်တော်လေးစိတ်မကောင်းဖြစ်နေရှာပါတယ် ။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ ကောင်းမွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

ဖတ်ရှု့ပေးသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ။

Source – ဧရာဝတီ
ဓာတ်ပုံ – Wa Wa Win Shwe’s Facebook

(Visited 3188 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ