Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အန်တီဝါရဲ့ အိမ်ကို တဖွဲဖွဲရောက်ရှိလာတဲ့ အနုပညာရှင်များ

အကယ်ဒမီ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ် ဟာ ဇူလိုင်လ ၂၃ရက်နေ့ ည (ရး၁၂)မိနစ်ခန့်က ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်သူဟာ တစ်ချိန်က ဇာတ်ညွှန်းရေးဆရာလဲဖြစ် မင်းသားကြီးတစ်ယောက်လဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သားနှစ်ယောက်လုံးကလဲ အနုပညာလောက ထဲကဖြစ်ပါတယ်။

ဒါကြောင့် အန်တီဝါဝါဝင်းရွှေ ကိုအားပေးနှစ်သိမ့်ဖို့ရောက်ရှိလာခဲ့ တဲ့အနုပညာရှင်တွေမနည်းပါဘူး။ နာရေးအိမ်သို့ သွား ရာက်ခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ ဦးညွှန့်ဝင်း၊ ဦးဇင်ဝိုင်း၊ဦးနေအောင်၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ခင်စံပယ်ဦး စတဲ့ အနုပညာရှင်တွေ ကို ဦးစွာတွေ့မြင်ခဲ့ရပါတယ်။

နောက်ပိုင်းမှာလဲ လာရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေများစွာရှိနေအုံးမှာပါ။ ကွယ်လွန်သူ ဦးသန်းထွဋ် အသက်(၇၆)နှစ် ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ ဇူလိုင်လ (၂၇)ရက်နေ့မှာ ရေဝေးသုသာန်မှာ သြင်္ဂိုလ်မယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးသူအပေါင်းကို ကျေးဇူးပါနော် ။ အများသူငါ သိစေဖို့ မျှဝေပေးသွားကြပါဦး ။

Source – popular journal

(Visited 7054 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ