Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အနုပညာအလုပ်တွေ နားပြီး တရားစခန်းဝင်သွားတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကနေ Sexy မော်ဒယ်အဖြစ်နဲ့ ပြောင်းလဲနာမည်ကြီးလာပြီးနောက် သူမဟာ အမိုက်စားဖက်ရှင်တွေနဲ့ တကယ့်ကို Sexy မော်ဒယ်တစ်ယောက်လို လန်းခဲ့ပါတယ်။ အဲ့ဒီလို လန်းနေတာ တွေကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ဆိုကာ ဝေဖန်ပြောဆိုသံတွေများစွာရှိခဲ့ပါတယ်။ သူမအနေနဲ့ကလဲ ဒီSexy မော်ဒယ်အဖြစ်ဖက်ရှင်အလန်းတွေနဲ့ ပွဲတက်ရတာဟာ ပွဲရှင်တွေရဲ့စိတ်ကြိုက် ပြုလုပ်ရတာဖြစ်တယ်လို့လဲ မီဒီယာတွေရဲ့အင်တာဗျူးမှာဖြေကြားပေးခဲ့ပါတယ်။

သင်ဇာက ဖက်ရှင်အမိုက်စားတွေနဲ့ လန်းနေပေမယ့် ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမက အမြဲတမ်း ဘုရားတရားလဲ လုပ်လေ့ရှိသလို ပရဟိတနဲ့ ကုသိုလ်ကောင်းမှုတွေလဲ ကြုံကြိုက်တဲ့အခါတွေမှာ လုပ်တက်ပါတယ်။

ယခုအခါမှာတော့ သင်ဇာဝင့်ကျော်က အနုပညာလုပ်လက်စတွေကိုတောင် ခဏရပ်ထားပြီး ဇူလိုင်လ ၂၉ရက်နေ့က အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်နေပြီလို့လဲ သိရပါတယ်။ သူမက တရားစခန်းမဝင်ခင် ဒီဇိုင်နာငြိမ်းကိုရဲ့ ပွဲမှာ မဟာဆန်လှတဲ့ ဖက်ရှင်နဲ့ ရှိုးလျှောက်ခဲ့ပါသေးတယ်။ လုံလုံခြုံခြုံနဲ့ ကျက်သရေရှိလှတဲ့သူမရဲ့ အလှပုံရိပ်တွေ ကို တရားစခန်းဝင်နေကြောင်း သတင်းပေးရင်းနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

တရားစခန်းဝင်တာကို သူမအသိပေးပုံလေးကတော့ “ ဒီနေ့တရားစခန်းဝင်ပါမည်… အကြွေးကျန်နေသော အလုပ်များကို ရိပ်သာ ကပြန်ထွက်လာမှ ဆက်လုပ်ပေးပါမည်” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ မှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်းကို ကျေးဇူးတင်ရှိပါတယ်။ အကောင်းမြင်တဲ့စိတ်လေးနဲ့ ဝေဖန်ပေးကြပါဦးနော်။

Source – Thinzar wint kyaw’sfb, Nay Min Tun’sfb

(Visited 491 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ