အနုပညာရှင်များစွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ Dancing with the star ပြိုင်ပွဲ

Mrtv 4ရဲ့ အစီအစဥ်အသစ်တစ်ခုဖြစ်တဲ့ Dancing with the star ပြိုင်ပွဲအစီအစဥ်ဟာ ပထမဆုံးနေ့မှာဘဲ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုများစွာရရှိခဲ့တာဘဲဖြစ်ပါတယ်။ အဆိုပါ အကပြိုင်ပွဲကြီးမှာ အနုပညာရှင်များစွာပါဝင်ခဲ့ကြပြီး သူတို့ရဲ့ကကွက်တွေကလဲ လူအများရဲ့ စိတ်ဝင်တစား အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအကပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ မေကဗျာ၊ ဟန်တီ၊ ဆုအိမ်စံ၊မျိုးကိုကိုစန်း၊ နန့်ချစ်နဒီဇော်နဲ့ သဇင်နွယ်ဝင်း စတဲ့ အနုပညာရှင်တွေက ဝင်ရောက်ယှဥ်ပြိုင် ခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ အနောက်တိုင်း စုံတွဲအကတွေနဲ့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတာဖြစ်လို့ အကဝါသနာပါသူတွေအတွက် အမိုက်စားပါဘဲနော်။

အမိုက်စားကကွက်တွေနဲ့ တစ်ယောက်ချင်းစီတိုင်က ကပြခဲ့ကြတာဖြစ်လို့ ပရိသတ်တွေ က နောက်အစီအစဥ်တွေကိုလဲ အားပေးကြဖို့ မမေ့ပါနဲ့နော်။

ချစ်ပရိသတ် တွေကိုကျေးဇူး အထူးတင်ရှိပါတယ်။ မျှဝေပေးသွားကြပါအုံးနော်။

Snow (mcc)

Source – Dancing with the star myanmar’sfb

(Visited 10755 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ