Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အနုပညာရှင်တွေ ရဲ့ အားပေးဝန်းရံခြင်းကို ခံခဲ့ရတဲ့ ချိုးရုပ် Red Carpet Show

ပျော်စရာတွေ၊ ရယ်စရာတွေ ၊ ငိုစရာတွေ နဲ့ သနားစရာတွေ ကို ရုပ်ရှင်ကားတစ်ကားထဲမှာတင် ခံစားရမယ့် ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ပရိသတ်တွေကြည့်ရူ့ခံစားရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ နမူနာဗီဒီယို ထွက်ရှိလာတဲ့အချိန်ထဲက ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ခံခဲ့ရတာလဲဖြစ်ပါတယ်။

အဆိုပါ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Red Carpet Show ကို အောက်တိုဘာလ ၁၅ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ အနုပညာရှင်ပေါင်းများစွာနဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပွဲကို ရုပ်ရှင်ကားကြီးမှာ ပါ၀င်သရုပ်ဆောင်ထားကြတဲ့ ခင်လှိုင်၊ တိုင်ရွန်၊ ညီနန္ဒ ၊ အိချောပို၊ ဂွမ်းပုံနဲ့ တခြားသောအနုပညာရှင်ပေါင်းစွာလဲ တင်ရောက်ခဲ့ကြတာကိုတွေ့မြင်ရမှာပါ။

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဟာသသရုပ်ဆောင် ဦးခင်လှိုင် ရဲ့ ဒုတိယမြောက်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပြီး ပထမဆုံးအကြိမ်ရုံတင်ပြသခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်လို့ ဒီ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၁၇ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

မြင့်မြတ်ကအထူးပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ရသမျိုးစုံခံစားခြင်တဲ့ ချစ်တဲ့ပရိသတ်တွေက အားပေးဝန်းရံကြဖို့ မမေ့ပါနဲ့နော်။ အားလုံးသော ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1313 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ