Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အနက်ရောင် ဂါဝန်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ အိန္ဒြာကျော်ဇင်

အနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့စဥ်က စပြီး ယနေ့အချိန်အထိအောင်မြင်မှုတွေကို လက်ဝယ်ရရှိပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးနိုင်သူလဲ ဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေမှာ ဇာတ်ကိုရွေးပြီးလက်ခံလာသလို ခလေးတွေနဲ့ဖြစ်တာမို့ နယ်ဘက်တွေအချိန်ကြာကြာရိုက်တဲ့ ဇာတ်မျိုးတွေဆို လက်မခံဖြစ်ဘူးလို့လဲ မီဒီယာတွေရဲ့ အင်တာဗျူးမှာ​ဖြေဆိုလေ့ရှိပါတယ်။

သူမရဲ့ အောင်မြင်မှုတွေက ဆက်တိုက်ဆိုသလို ကျဆင်းသွားခြင်းမရှိခဲ့ဘဲ အောင်မြင်နေဆဲဖြစ်ပါတယ်။ သူမဟာ ယခုနောက်ပိုင်းမှာတော့ ဖန်ဆီဆန်ဆန်ရုပ်ရှင်ဇာတ်ကားတွေ ထက် အိမ်ထောင်ရေးပညာပေးဇာတ်ကား မိသားစုဇာတ်ကားနဲ့ သူမရဲ့လုပ်ကွက်ပီပြင်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးတွေကို ရိုက်ကူးပုံဖော်လာတာကိုတွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ဟာ မကြာသေးခင်ကမှလဲ တူမဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရုံတင်ပြ သခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို လဲ အားပေးဝန်းရံသူများပြားခဲ့ပါတယ် ။

သူမက ကလေးမိခင်ဖြစ်ပေမယ့် အပျိုတွေတောင် လိုက်မမှီလောက်တဲ့ လှပနုပျိုခြင်းတွေကို ရရှိပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ သူမက ပရိသတ်တွေအတွက် အလုပ်တွေမလစ်ဟင်းစေသလို မိသားစုနဲ့သားသမီးတွေအတွကိုလဲ အချိန်ပေးပြီး မပျက်ကွက်အောင်ထိန်းသိမ်းလေ့ရှိကာ သူမသဘောကျတဲ့ စီးပွါးရေးကိုလဲ လုပ်ဆောင်လေ့ရှိတဲ့တကယ့်ကို ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။

အိန္ဒြာကျော်ဇင်ဟာ အကယ်ဒမီ ၂ဆုကို ထိုက်ထိုက် တန်တန် ရရှိထားတဲ့ မင်းသမီးဖြစ်ပြီး ယခု၂၀၁၉ခုနှစ်မှာလဲ သူမ က တတိယမြောက် အကယ်ဒမီ ဆုကို ထပ်မံရရှိနိုင်မယ်လို့လဲ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

ချစ်တဲ့ပရိသတ်တွေက သူမရဲအလှဆုံးပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ပရိသတ်တွေ မျှဝေသွားဖို့မမေ့ပါနဲ့။

Snow( mcc)
Source – eaindra kyaw zin

(Visited 2629 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ