Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အတိုက်အခိုက်ကင်းကင်း၊ စိတ်ရှင်းရှင်း နဲ့ သာသနာပြုလမ်း လျှောက်လှမ်း နိုင်ပါစေလို့ ယောက်ခထီးကို ဆုတောင်းပေးတဲ့ နန္ဒာလှိုင်

အကယ်ဒမီ မင်းသမီးချော နန္ဒာလှိုင်ဟာ ယနေ့မှာတော့ ကြည်ပျော်ရွှင်စရာကောင်းတဲ့ သတင်းတွေကြောင့် ကြည်နူးဝမ်းသာနေပါတယ်။ ပျော်စရာသတင်းကတော့ ၂ခုပါ အဲ့ဒါတွေ ကတော့ ယောက်ခထီးဖြစ်သူ ဒေါက်တာခင်ရွှေဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ကို ရရှိပြီး သူမကိုယ်တိုင်လဲ သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ရရှိခဲ့တာဖြစ်ပါတယ်။

နန္ဒာလှိုင်က ယောက်ကထီးဖြစ်သူအတွက် ဂုဏ်ပြုကြောင်းကို ” မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ကို ချီးမြှင့်ခံရတဲ့ အဖေ အတိုက် အခိုက်ကင်းကင်း၊ စိတ်ရှင်းရှင်းနဲ့ လိုရာ ခရီး သာသနာပြုလမ်းကို မိသားစုနှင့်အတူ အလှူဒါနမြောက်များစွာဖြင့် လျှောက်လှမ်း နိုင်ပါစေ။ Congratulations ” လို့ဆိုကာ ရေးသားခဲ့ပြီး …..

သူမကို ချီးမြှင့်ခြင်းခံရတဲ့အတွက်ကိုလဲ ” သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ” လို့ ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

အကယ်ဒမီ နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ရဲ့မိသားစုနဲ့အတူ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေမလုပ်ဆောင်တော့ပေမယ့် ပရိသတ်တွေနဲ့ကတော့ အဆက်အသွယ်မပျက်လှပါဘူး။ သူမကို ယနေ့ထိချစ်ပြီးအားပေးနေကြသေးတဲ့ ပရိသတ်တွေလဲ ရှိနေဆဲပါ။ ချစ်တဲ့ပရိသတ်ကြီးက သူမအတွက် ဂုဏ်ပြုချီးမြှင့်စကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်။

Snow(mcc)
Source – nandar hlaing’sfb

(Visited 1812 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ