Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အညာဒေသ ကိုသွားတော့မှာမို့ ပရိသတ်တွေကို နှုတ်ဆက်သွားတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်တဲ့ ဝတ်မှုံရွှေရည်ဟာ ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့နှစ်ပါးသွားupdate ရုပ်ရှင်ဇာတ်ကားရဲ့ press show ကို တက်ရောက်ခဲ့ပါတယ်။ သူမက press show ကိုတက်ရောက်တာက နောက်ဆုံးဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာ အညာဒေသကို သွားပြီး ရုပ်ရှင်ရိုက်ကူးဖို့သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့လိုသွားတဲ့နေရာမှာ ၁လကျော်လောက်ကြာမှာဖြစ်ပြီး သူ့အနေနဲ့ အဲ့ဒီရုပ်ရှင်ရိုက်ကူးရေးအတွက်ကို စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းကိုလဲ သူမကပြောခဲ့ပါတယ်။ ကစ်က လတ်တလောမှာ နေတိုးနဲ့အတူ ပျော်ရွှင်စွာရိုက်ကူးထားတဲ့ နှစ်ပါးသွား update ရုပ်ရှင်ဇာတ်ကား ဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဲ့ဒီပျော်ရွှင်ရယ်မောဖွယ်ရာ ရုပ်ရှင်ကားကြီးကို ပရိသတ်တွေ လာကြည့်ဖို့အတွက် ကစ်က ခုလိုဘဲ ဖိတ်ခေါ်လိုက်ပါသေးတယ်။

သူမ ပြောခဲ့တာကတော့ ” ကစ်နဲ့ ကိုနေတိုး တို့နှစ်ယောက် အပြိုင်တယောက်နဲ့တယောက် ဆေးထိုးထားကြတဲ့ တကားလုံး ခွီနေရမယ့် နှစ်ပါးသွားupdate ကားလေး July 18 ရက်နေ့ဆို ရုံတင်တော့မယ်နော် ကြည့်ပြီး ခွီပေးကြအုံးနော်??? ” လို့ ဆိုပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေနဲ့ အတူ ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့သူပရိသတ်ကြီးလဲ သူတို့နှစ်ယောက်ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲဆိုတာကို ကြည့်ချင်နေကြမယ်လို့ထင်ပါတယ်။ ဆက်ဆက် သွားကြည့်ကြနော် ။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – wutt mhone shwe yi’s fb
photo – RBV (Ria Bo Vich)

(Visited 249 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ