Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဆိုးတွေကုန်ပါတော့ လို့ ဆုတောင်းလိုက်တဲ့ လင်းဇာနည်ဇော်

ပရိသတ်တွေရဲ့ အချစ်တွေကို ယခုချိန်ထိ ရရှိနေဆဲဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ ၂၀၁၉ ခုနှစ် အတွင်းက စတင်ကာ မိသားစုအတွင်းမှာ အဆိုးတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအဆိုးတွေဟာ ခုချိန်ထိ မကုန်ဆုံးသေးဘဲ မိခင်ဖြစ်သူ ထံကို ကျရောက်လာကာ အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။

အဲ့ဒီခွဲစိတ်မှု မှာ မိခင်ပြန်ကောင်းလာစေဖို့အတွက် လင်းဇာနည်ဇော်က ” နာကျင်မူ့တွေမခံစားရပါစေနဲ့🙏ကြောက်လန့်မူ့တွေရှိမနေပါစေနဲ့🙏ဝေဒနာတွေကင်းစင်သွားပါစေ🙏မေမေ့အတွက်ကောင်း သော မနက်ဖြန်လေးဖြစ်ပါစေ🙏🙏🙏” လို့ဆိုကာ ဆုမွန်ကောင်းတောင်းထားပါသေးတယ်။

လင်းဇာနည်ဇော် နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်ဟာ ဒါရိုက်တာမိုက်တီးရဲ့ အမှုကိစ္စကို စတင်ရင်ဆိုင်နေချိန်မှာဘဲ ဖခင်ဖြစ်သူကွယ်လွန်ခဲ့တာကြောင့် အပြင်း အထန်ခံစားခဲ့ကြရပါတယ်။ အဲ့ဒီနောက်မှာ အကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးကလဲ အူမကြီးကင်ဆာ ရောဂါကို ထောင်ထဲမှာ ခံစားနေရပြီး ခွဲစိတ်မှုတွေဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရကာ သူတို့ညီအစ်မနှစ်ယောက် အားတင်းရင်ဆိုင်ခဲ့ကြရပြန်ပါတယ်။

အစ်ကိုဖြစ်သူကလဲ သက်သာနေပြီမို့ အဆင်ပြေနေကြပြီလို့ ယူဆပြီးချိန်မှာတော့ မထင်မှတ်ဘဲ မိခင်ရဲ့ ကျန်းမာရေးအခြေအနေက သူတို့ကို ပူဆွေးသောကရောက်စေခဲ့ပြန်ပါတယ်။ စိတ်ထားကောင်းပြီး ဖြူစင်ကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အဆိုးတွေ အမြန်ပျောက်ပါစေလို့ ဆုတောင်းပေးရင်း မိခင်ဖြစ်သူရဲ့ ခွဲစိတ်မှုကြီးလဲ အောင်မြင်ကာ အမြန်ဆုံးကျန်းမာလာပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Snow(mcc)

(Visited 1383 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ