Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဆိုတော် နောင် နဲ့ အမူအရာတွေ တူတယ်ဆိုပြီးမှတ်ချက် ပေးခံရတဲ့ မိုရီဆာကီဝင်း

တစ်ခေတ်တစ်ခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ အဆိုတော် နောင် ကို သူ့ရဲ့ ချစ်ပရိသတ်တွေက တစ်ကျော့ပြန်ပြီး သတိရလာကြပါတယ်။ အဲ့လို သတိရလာကြတဲ့ အကြောင်းအရင်းကတော့ မိုရီဆာကီဝင်းကြောင့်ပါတဲ့ ။ နောင် ကို မြင်ဖူးခဲ့ကြတဲ့ ပရိသတ်တစ်ချို့က မိုရီဆာကီဝင်းဟာ နောင်ရဲ့အပြုအမူတွေနဲ့ အရမ်းတူတယ်လို့ ဆိုကာ မှတ်ချက်ပေးလာကြပါတယ်။

ပရိသတ်တွေရဲ့ ပြောစကားတွေကတော့ ” နောင် ရဲ့ ရုပ်ရည် အပြောအဆို ဟန်ပန် အမူအရာတွေ က မိုရီဆာကီနဲ့ တထပ်တည်းပဲ…မိုရီဆာကီဝင်းက နဲနဲ ရှပ်ပြာပြာပိုနိုင်တာကလွဲလို့..😁”လို့ ဆိုကာ​ မှတ်ချက်ပေးလာကြပါတယ်။

အဆိုတော် နောင်ဟာ တစ်ချိန်က ဟေမာနေဝင်း၊ နီနီဝင်းရွှေ ၊ မေဆွိ တို့နဲ့အတူ သီချင်းတွေများစွာ ထွက်ရှိခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ်လို့လဲ သိရပါတယ်။ နောင်ဟာလဲ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့တာပါတဲ့ နော် ။ အဲ့လို အောင်မြင်နေတဲ့ အချိန်မှာဘဲ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေက အရမ်းကိုနှမျောတသဖြစ်ခဲ့ရပါတယ်။

ယခုနောက်ပိုင်း မြန်မာပြည်ဖွား ဂျပန်အဆိုတော်လေး မိုရီဆာကီဝင်း ဆိုတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ပေါ်ထွက်လာခဲ့ပါတယ်။ သူက မြန်မာနိုင်ငံကို ဇာတိမြေရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာဟာ ယနေ့အချိန်အထိဘဲဖြစ်ပါတယ်။

မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံမှာလဲ ပရိသတ်တွေများစွာရှိသလို မြန်မာနိုင်ငံမှာလဲ ပရိသတ်တွေများစွာရှိလာပါပြီ။ အဝင်းရဲ့ ချစ်ပရိသတ်ကြီးက ပြောပြပေးကြပါအုံး ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး နောင် နဲ့ ယူတို့အဝင်း တူရဲ့လာလို့ မှတ်ချက်လေးတွေ ပေးခဲ့ကြပါအုံးနော်။

ဖတ်ရှုပေးကြ တဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1697 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ