Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဆိုတော်အစ္စဏီ ကို မုဒိန်းမှုနဲ့ ထောင် ၇နှစ်ချမှတ်

ပရိသတ်တွေ မျှော်လင့်စောင့်စား နေတဲ့ အဆိုတော်အစ္စဏီရဲ့ ထောင်ထဲကနေထွက်လာမယ့် နေ့ဟာ နောက်ထပ်၇နှစ်တောင်စောင့်စားရတော့မှာမို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ယနေ့ကြားသိခဲ့ရတဲ့ သတင်းမှာ အဆိုတော် ဟန်ထွန်းဇော်(ခ) အစ္စဏီဟာ မုဒိန်းမှုနဲ့ ထောင် ၇နှစ်ချမှတ်ခံရတယ်ဆိုတဲ့ သတင်းမှာ အငြင်းပွားစရာတွေဖြစ်ပေါ်ခဲ့ပါတယ်။

သူတို့အမှုဟာ ၂၀၁၈ခုနှစ် ဧပြီလ ၁၁၇က်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်ဒယ်စူးရှထက်က အဆိုတော် အစ္စဏီကို ပုဒ်မ ၃၇၆၊ ၃၂၄၊၃၂၃ တို့နဲ့ တိုင်ကြားခဲ့ကာ တရားစွဲဆိုခဲ့တာဘဲ ဖြစ်ပါတယ်။ အဆိုပါ တရားစွဲဆိုမှုဟာ တစ်နှစ်နဲ့ လေးလခန့် ကြာမြင့်ခဲ့ပြီး နောက် တရားစွဲဆိုခဲ့သူ စူးရှထက် အမှုကို ပိတ်သိမ်းပေးခဲ့ပြီးဖြစ်ပါတယ်။ သို့ပေမယ့် အစ္စဏီမှာ ယနေ့အချိန်ထိ အချုပ်ထဲမှာ ဘဲနေနေရပြီး ၂နှစ်ပြည့်ဖို့ ၃လသာ လိုပါတော့တယ်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်ရုံးချိန်းမှာ အဆိုတော်အစ္စဏီဘက်မှ တောင်းပန်ပါက အမှုကို ကျေအေးပေးမည်ဟု တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေးက ပြောဆိုခဲ့ပြီးနောက် အစ္စဏီက တောင်းပန်သဖြင့် အမှုကျေအေးလွှာတွင် လက်မှတ်ရေးထိုးကျေအေးပေးထားတာလဲ ဖြစ်ပါတယ် ။

သို့ပေမယ့်လဲ ဒီနေ့မှာတော့ ပုဒ်မ ၃ ခုဖြင့်အမှုရင်ဆိုင်နေရသော အဆိုတော်ဟန်ထွန်းဇော်(ခ) အစ္စဏီ ကို တာမွေမြို့နယ်တရားရုံးက ယနေ့(ဇန်နဝါရီလ ၇ ရက်) မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်​တယ်လို့ သိရပါတယ်။

Snow(mcc)
Source – Akonthi’sfb

(Visited 1245 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ