အဆိုတော်ဖြိုးပြည့်စုံ ကို မူးယစ်ဆေးမှုနဲ့ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းများထွက်ပေါ်

အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ ယနေ့မှာတော့ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ သူအပါအဝင် အမျိုးသား သုံးဦးအား မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လဲ ဗဟန်းမြို့နယ်ရဲစခန်းမှ အတည်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

“တရားလိုအဖြစ် တိုင်တန်းတာက မူးယစ်တပ်ဖွဲ့ကနေပြီး တိုင်တန်းတာပါ။ သူတို့ကိုကျွန်တော်တို့ စောင့်နေပါတယ်။ သူတို့တိုင်စာကို မူတည်ပြီးတော့ ကျွန်တော်တို့က ပြန်လည်ဖြေကြားလို့ရပါတယ်။ ကျွန်တော်တို့ကအဓိကကတော့ အရေးကြီးတာက တိုင်စာပါ။မူးယစ်တပ်ဖွဲ့စုက ဖမ်းတဲ့အတွက်ကြောင့် မူးယစ်တပ်ဖွဲ့စုရဲ့တိုင်စာကို ကျွန်တော်တို့စောင့်ပါတယ်။ အဲဒီတိုင်စာပေါ် မူတည်ပြီးမှ ဘယ်ပုဒ်မ တပ်ရမလဲဆိုတာဆောင်ရွက်ပါမယ်။ ဆောင်ရွက်ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ကြေညာပေးဖို့အသင့်ပါပဲ” ဟု ဗဟန်းမြို့မရဲစခန်းမှူးက အတည်ပြုပြောကြားထားပါတယ်။

ဖြစ်စဉ် ကတော့ ၇-၁၀-၂၀၁၉ (၁၇) နာရီအချိန် ရန်ကုန် မြောက်ပိုင်းခရိုင် အမှတ် ၁၄၈ မူးယစ်တပ်ဖွဲ့ ဦးစီး ၍ ရဲအရာခံ ဇော်မင်းထွန်း / ရဲဒုတပ်ကြပ် အောင်ကိုချစ်တို့သည်။ ဗဟန်း မြို့မ ရဲစခန်း ဒုရဲအုပ်သက်ဝေ တို့နဲ့အတူ သက်သေ ဆရာစံ ရပ်ကွက် ရာအိမ်မူး ဦးစည်သူအောင် / ဦးဝင်းရွေ/ဦးကျော်ဝင်း / ဗဟန်းမြိုနယ် ဆရာစံရပ်ကွက် Myanmar Plaza ရှိ Glonja Jans Coffee ဆိုင် ရှေ့တွင်စောင့်ဆိုင်းနေစဉ် / ဖြိုးပြည့်စုံ / ရော်နီစန်းလွင်/ ငြိမ်းချမ်းကို ထို(၃) ဦးထဲ မှာ ရောင်နီစန်းလွင် ထံမှ ဆေးပြားဟုယူဆရသည်အမျိူးအစားကို တွေ့ရပြီး၊

ဆက်လက်မေးမြန်းရာ ဖြိုးပြည့်စုံ လည်းပါဝင်ကြောင်း ထွက်ဆိုသောကြောင့် သိရှိရသဖြင့် မြန်မာပလာဇာ တွင် ရပ်တန့်ထားသော ကားအဖြူရောင်အား ဆက်လက်ရှာဖွေမူများပြုလုပ်ခဲ့ရာ ယာဉ်နောက်ခန်းအတွင်းရှိ ထိုင်ခုံပေါ် တွင်လည်းကောင်း / (S) တံဆိပ်ပါ အဝါရောင် ဆေးပြား / ဖြူဝါ ဆေးပြာများ တစ်ပြားလျှင် 0.၄ / ဂရမ် (၁၀) ပြား /စုစုပေါင်းအလေးချိန် (4) ဂရမ်ပါ (၁)ဗူး တွေ့ရှိ ဖမ်းစည်းရမိကြောင်း ပ /၄၄ (၂၀၁၉)ဖြင့် ဆက်လက်စစ်ဆေးမည် ဖြစ်ပြီး / (အဆိုတော်ဖြိုးပြည့်စုံ အနေဖြင့် ထိုဆေးပြားများသည် မူးယစ်ဆေးဝါးမဟုတ်ကြောင်း ထိုင်းနိုင်ငံ မှ ဝယ်ယူလာသော ဆေးများဖြစ်ကြောင်းထွက်ဆိုထားပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး အဆိုတော်ဖြိုးပြည့်စုံရဲ့ ပရိသတ်တွေက စိတ်ပူနေကြပြီး စိတ်မကောင်းလဲ ဖြစ်နေကြပါတယ်။ ဖြိုးပြည့်စုံဟာ သံစဥ်များနဲ့ ကမ္ဘာသီချင်းဆိုပြိုင်ပွဲမှာထဲက ပရိသတ်အခိုင်အမာရရှိခဲ့တာဖြစ်ပြီး အနေအေးပြီး သီချင်းအေးအေးလေးတွေ သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုမိုရရှိထားတာလဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အတည်ပြုပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကိုလဲ ပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)
Source – wai linn’sfb,myanmar celebrity’sfb,eleven media

(Visited 2832 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ