Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အစားလျော့စားရုံနဲ့ပူနေတဲ့ဗိုက်ပိန်မသွားဘူးလို့ အသိပညာပေးလိုက်တဲ့ ခွန်းဆင့်နေခြည်

ကာယအလှမယ်အဖြစ်ကနေ ဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးလာပြီး ပရိသတ်တွေချစ်တဲ့ မင်းသမီးခွန်းဆင့်နေခြည်ရယ်လို့ ဆိုကာ နာမည်ကြီးလာသူပါ။ သူဟာ ဖိုက်တင်ကားတွေ နဲ့ နယ်ပရိသတ်တွေရဲ့ အချစ်ကို ရယူခဲ့ရုံသာမက မိုင်တိုင် ၂၆ဆိုတဲ့ သရဲကားနဲ့လဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူလဲ ဖြစ်ပါတယ်။

သူက ယခုနောက်ပိုင်း မိန်းကလေး၊ ယောကျာ်းလေး အများစုရဲ့ ပါးစပ်ဖြားမှာ အစာလျော့ပြီး ဝိတ်ချကြတယ် ဆိုတဲ့ အစားလျော့ပြီးဝတ်ချတယ်ဆိုတာ မှားနေတယ်ဆိုတာကို သရုပ်ဆောင် ၊ အလှမယ် ခွန်းဆင့်နေခြည်က ပြောပြလာပါတယ်။ ဒါ့အပြင် နည်းစနစ်မှန်မှန် နဲ့ ဝိတ်ချနည်းလေးလဲ ပြောပြခဲ့ပါသေးတယ်။

သူပြောခဲ့တာကတော့ ” ဗိုက်ပူတာကျချင်လို့အစာလျော့စားရုံနဲ့မရပါဘူး အစာလျော့စားရင်ပူနေတဲ့ဗိုက် ပိန်သွားနိုင်ပေမဲ့ အစာမစားလို့ ပိန်သွားခြင်းမျိုးလောက်သာဖြစ်ပါတယ် အစားနည်းနည်းလောက်ပြန်စားမိလိုက်တာနဲ့ဗိုက်ကအလိုလိုပြန်ပူလာမှာပါဘဲ တစ်ကယ်ဗိုက်ကအဆီတွေကိုအမှန်တကယ်ကျချင်တယ်ဆိုရင်တော့ အိပ်ထမတင် လုပ်ဖို့မပျင်းပါနဲ့ အိပ်ထမတင် လုပ်မှသာ အမှန်တကယ်ဗိုက်ပိန်ပြီး ဗိုက်ကအဆီတွေအမှန်တကယ်ထွက်သွားမှာဖြစ်ပါတယ် “

“ကျွန်မတို့ကာယအလှမယ်ပြိုင်စဉ်တုန်းကတော့ တစ်နေ့ကို ဗယ်လီ (၁၂၀၀) လောက်မဖြစ်မနေရိုက်ရပါတယ် ခုချိန်ပြိုင်ပွဲဝင်မဲ့သူမဟုတ်တော့တဲ့အတွက် တစ်နေ့ကို ၃၀၀/၄၀၀ လောက်တော့ ဗယ်လီကို ရအောင်ရိုက်ဖို့လိုတာသိလို့ လုပ်ဖြစ်ပါတယ် ကျွန်မက အစားမလျော့ပါဘူး အစားကို သုံးနပ်အပြည့်စားရပါမယ် လေ့ကျင့်ခန်းပုံမှန်လေးလုပ်နေရပါမယ် ဒါဆို ဝမလာတော့ပါဘူး အားတွေလည်းမလျော့သွားတော့ဘူး “

“လူကအမြဲတမ်း Fit ဖြစ်နေရောဘဲ တော်ရုံနဲ့လည်းနေထိုင်မကောင်းတာတွေမဖြစ်တော့ဘူး ••• ကျွန်မက အိမ်မှာ မီးရထား ခေါင်းတွဲ ဖြစ်လို့ ကျန်းမာရေးတော့အမြဲလိုက်စားတယ် ••• ကိုယ်ကျန်းမာမှ အမေ့ ကို ဂရုစိုက်ပေးနိုင်မှာ ••• ဒါ့ကြောင့် အစားမလျော့ဘူး လေ့ကျင့်ခန်း အမြဲလုပ်တယ် ••• ခုချိန်ထိ တော့ ဝတုတ်မလေးဖြစ်မလာသေးဘူး ••• အောင်ပွဲတွေအလီလီဆွတ်ခူးခဲ့ဖူးတယ် ••• အားကစားသမားဖြစ်လို့စိတ်ဓါတ်မာတယ် တော်ရုံမဖြုံဘူး ••• တခါတလေတော့လည်းဝမ်းနည်းတတ်တယ် •••လူကအသက်ကြီးသွားရင်အလှအပတွေပျောက်ကွယ်သွားမှာဖြစ်ပေမဲ့ ကျွန်မ နှလုံးသားလေးကတော့ အမြဲလှနေတယ် •••”လို့ ဆိုကာ အသေးစိတ်ကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်ပရိသတ်ကြီးလဲ ဖတ်ရှုပြီး ဝိတ်ချတဲ့အခါ ဘယ်မျိုးတွေလုပ်ဆောင်ရမလဲ ဆိုတာကို သိရှိသွားကြမယ်လို့ထင်ပါတယ်။ ဝိတ်ချလိုသူများအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့လုပ် ဆောင် နိုင်ကြပါစေ။

Snow(mcc)

(Visited 3917 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ