Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အစားရှောင် တိုင်း ဝိတ်မကျဘူးဆိုတာကို အသေးစိတ်ပြောပြ လိုက်တဲ့ သန္တာလှိုင်

တစ်ခေတ်တစ်ခါကလဲ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ခဲ့သလို ယခုအချိန်ထိလဲအောင်မှုတွေရရှိနေဆဲဖြစ်တဲ့ သန္တာလှိုင်ဟာ သူမရဲ့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့အတွက် အလေးထားသူတစ်ယောက်လဲဖြစ်ပါတယ်။သူမက ကလေးနှစ်ယောက် အမေဆိုပေမယ့် အပျိုတွေတောင် လိုက်မမှီလောက်အောင်ကို လှပခြင်းတွေပိုင်ဆိုင်ရရှိထားသူပါ။ ဝိတ်ချတယ်ဆိုတဲ့ အရာကိုလဲ သန္တာလှိုင်က အားကစားလုပ်ချင်းကိုသာအားပေးပြီး ပိန်ဆေးသောက်ခြင်း၊ အစားရှောင်ခြင်းတွေကို အားမပေးသူတစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်သူတွေ အစားရှောင်တာနဲ့ ပတ်သက်ပြီး သူမက ပြောပြလာပါတယ်။

သန္တာလှိုင်ပြောပြခဲ့တဲ့ အသေးစိတ်ကတော့ “ အစားရှောင်ခြင်းနဲ့ ပတ်သက်ပြီး လူတော်တော်များများမှာ အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့်လို့ အစားအစာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ ထရိန်နာတွေနဲ့ ပညာရှင် တော်တော် များများကတော့ အစားရှောင်ခြင်းက ဝိတ်တက်စေ တယ်လို့ တညီတညွတ်ထဲ လက်ခံကြပြီးလုံးဝကို အားမပေးပါဘူး။ အစားအစာကို စားသင့်စားထိုက်သလို မစားဘဲ ရှောင်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်က ချက်ချင်း နှေးသွားဒါကြောင့် အဆီတွေ ကိုပိုပြီး သိမ်းဆည်းတတ်လို့ ပုံမှန်ဘဲပြန်စားတာနဲ့ အရင်ကထက် ပိုတောင် ဝလာစေပါတယ်”

“ကိုယ့်အနီးနားမှာ အစားရှောင်တဲ့ သူတွေကို ကြည့်မယ်ဆိုရင် ကျစ်လစ်လှပပြီး ရှိသင့်တဲ့နေရာလေးတွေ ထွက်လို့ ပိန်သင့်တဲ့ နေရာလေးတွေ ပိန်သွားတာမျိုး တွေဖူးပါသလား? အစာရှောင်နေရင်းကနေ တစ်ကြိမ်တော့ မထိန်းနိုင်လို့ စားမိတယ်ဆိုပြီး ပိုဝ ဝလာတဲ့သူတွေပဲ ရှိမှာ သေချာပါတယ်။ တစ်ပတ်မှ တခါ အားရပါးရ မြောက်များစွာ စားခြင်းထက် လေ့ကျင့်ခန်း ပြုလုပ်ပြီး လိုအပ်တဲ့အချိန် ပုံမှန်လေး စားပေးခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ကိုယ်နှစ်သက်တဲ့ အစားအစာတွေကို မစားဘဲ ရှောင်နေတာက တကယ်တော့ အကျိုးမရှိပဲ ကိုယ့်ရဲ့ စိတ်ကိုလဲ နှိပ်စက်ရာကျပါတယ်”

“ကိုယ်က လေ့ကျင့်ခန်းတွေ အပြည့်အဝလုပ်ပြီး ကယ်လိုရီနဲ့ အဆီတွေကို လောင်ကျွမ်းစေပေမယ့် အစားရှောင်ပြီး နေတယ်ဆိုရင်လဲ ကိုယ်လေ့ကျင့်ထားတာတွေက အလကား ဖြစ်သွားပါလိမ့်မယ်။ သဘာဝ ရှိပြီးသားတွေကို လိုအပ်တာထက် ပိုပြီး ပြင်ဆင် ပြုလုပ် ထားသော ချီးစ်များ၊ အဆင်သင့်အလွယ်တကူ စားချင်အောင် ပြုလုပ်ထားသော အစားအစာများ၊ ဓါတုဆိုးဆေး ပါဝင်သော အစားအစာများ၊ ဆိုဒါနှင့် အချိုရည် များကတော့ တတ်နိုင်သလောက် ရှောင်ကျဉ်မှသာ ကျန်းမာရေးအတွက် ကောင်းပါလိမ့်မယ်လို့… ဒီလောက်ဆိုရင် အစားရှောင်တာနဲ့ မစားသင့်တဲ့ အစားအစာကို ရှောင်ကျဉ်တာ မတူဘူးဆိုတာ မြင်မယ်လို့ ထင်ပါတယ်” လို့ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြ သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျန်းမာရေးကို အထောက်အကူဖြစ်တာမို့ မျှဝေသွားဖို့ မနေ့ပါနဲ့နော်။

Source – Thandar Hlaing’ s fb

(Visited 399 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ