Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အခြေအနေကောင်းမှ အေးဆေးပြန်ပြခွင့် ရချင်ပါတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အမျိုးသမီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အစွမ်းကုန်ရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ထုတ်လုပ်ရေးကနေ ရိုက်ကူးတဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီးအတွက်ကို စိတ်မကောင်းဖြစ်နေပါတယ်။ သူ့ရဲ့ ရုပ်ရှင်ကားကြီးဟာပထမ တစ်ပတ်သာပြသရပြီး ဒုတိယပတ်ရုံတင်ချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခြအနေယိမ်းယိုင်လို့နေပါတယ်။

ဒီလို ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုင်းစိုင်းတစ်ယောက် ပရိသတ်ကိုရင်ဖွင့်လာပါပြီ။ ” ရုပ်ရှင်ရုံတွေကို တခြားပွဲလမ်းတွေလိုပဲ တရားဝင်ပိတ်ပေးလိုက်ရင်ကောင်းမှာပဲ ဒီအခြေအနေမှာ ကျနော့်ရုပ်ရှင်လာကြည့်ပါလို့လည်း ပရိသတ်ကို အတင်းမကြော်ငြာ မတိုက်တွန်းချင်ဘူး ပိတ်လိုက်ပြီး အခြေအနေကောင်းမှ အေးဆေးပြန်ပြခွင့်ရချင်မိတယ်။ အခုအတိုင်းကတော့ လူမရှိဘဲ ဆက်ပြ ပြီးရင်ဆင်းပေးရမယ် ပြန်ပြလို့မရတော့ပါ။ နောက်ပြမယ့်ကားတွေလည်း ဘယ်လိုလုပ်မယ်မသိဘူး “

“ကျနော့် Birthday Show ဆိုရင် ရှင်းတယ် မလုပ်တော့ဘူး ။တရားဝင်လည်းပိတ်တယ် ခွင့်မပြုဘူး အခြေအနေကောင်းမှ နောက်နှစ်မှ ပြန်လုပ်မယ် ။ အခု ရုပ်ရှင်ကျတော့မပိတ်တဲ့အတွက် လူမရှိလည်းပြရပါတယ် ။ နောက်ထပ်ပြန်ပြခွင့်မရှိတော့ပါဘူး ။ ကျနော့် ပရိသတ်ကိုလည်း ကျန်းမာရေးကိုပဲ ဦးစားပေး ဂရုစိုက်စေချင်ပါတယ် ကြိုးစားထားသမျှ နှမျောတော့ နှမျောလှပေါ့ဗျာ “

“ဒါပေမယ့် ရောဂါမကူးစက်ဖို့ ကာကွယ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးပါပဲ ကျနော့်ပရိသတ်တွေက ကျနော့်ထက်တောင် အကောင်းကိုတွေးပါသေးတယ် Covid 19 ဒီနှစ်မှပေါ်လာတာ တော်သေးတာပေါ့တဲ့ မနှစ်ကသာဆိုရင် စိုင်းစိုင်းရဲ့ သင်္ကြန်ကားတောင် ရိုက်ဖြစ်ခဲ့မှာမဟုတ်ဘူးတဲ့ ဟုတ်သားပဲလို့ ပိတ်လို့ရရင် ပိတ်ပေးပါဗျာ ပြီးမှ အေးဆေးပြန်ပြခွင့်ရချင်ပါတယ် ။( ကျနော်အများကြီးနားမလည်ပါဘူး ကိုယ့်ဆန္ဒကိုယ် ရိုးရိုးပဲ ပြောကြည့်တာပါ ကျနော်မှားတာရှိရင်လည်း ရှင်းပြပေးပါ ပြင်ပါ့မယ် )” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

စိုင်းစိုင်းကိုချစ်တဲ့ ပရိသတ်ကြီးက အားပေးစကားတွေပြောပေးခဲ့ကြပါအုံးနော်။ မကောင်းမြင်ကြတဲ့ တခြားသူတွေနဲ့လဲ စိုင်းစိုင်းရဲ့ ချစ်ပရိသတ်တွေက ရန်မဖြစ်ကြနဲ့နော် ။

Snow(mcc)

(Visited 1697 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ