Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အခြေခံဂီတပညာတောင်မသိဘဲ ဒိုင်လူကြီး လုပ်ကြတယ်လို့ ပြောလာတဲ့ ဆောင်းဦးလှိုင်

ယုရက်ပိုင်းအတွင်း ပြိုင်ပွဲတစ်ခုကြောင့် တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ သီချင်တစ်ပုဒ် လှောင်ပြန်ခံနေရတဲ့ အတိုင်းအတာတစ်ခုရှိလာပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံကျော်တေးသံရှင် ဒေါ်မာမာအေးကလဲ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာလဲ ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင် ကလဲ သူ့ရဲ့အမြင်နဲ့ ပြောင်းလဲသင့်တာတွေကို ပြောပြလာပါပြီ ။

ဆောင်းဦးလှိုင်ပြောပြထားတဲ့ အပြည့်အစုံကတော့ ” နိမ့်ကျပြိုဆင်းနေတာ…” ဆိုတဲ့ ခေါင်းစဉ်နဲ့ ” ဂီတလောကတစ်ခုတည်းမဟုတ်ဖူးဗျ။ ရပ်ဝန်းအသီးသီးမှာပါဘဲ။ နိုင်ငံရေး၊အုပ်ချုပ်ရေးတစ်ခုတည်းအဂတိတရားတွေ လွှမ်းမိုးနေတာမဟုတ်ပါဖူးဗျာ။ အဂတိတွေဟာနေရာပေါင်းစုံမှာ အမြစ်တွယ်နေတာပါ။ ဂီတလောကမှာ အဂတိတွေဖုံးလွှမ်းနေတာ ကျင့်ဝတ် နဲ့မညီတာဟာ ကြောက်စရာကောင်း.လောက်အောင်ပါဘဲ။”

”❗️အခြေခံဂီတပညာ ( Basic Music Theory) တောင်မသိဘဲ ဒိုင်လူကြီးလုပ်နေကြတာ ❗️ကြာလှပြီဘဲဗျာ…ဒါတွေကိုလက်ခံနေကြတဲ့ ခေါင်းရှောင်နေကြတဲ့ အသိုက်အဝန်းထဲက အဆီအနှစ်တွေထွက်လာဖို့မျှော်လင့်နေကြရင် အချိန်ကုန်လူပန်းမှာပေါ့…မှန်မှန်ကန်ကန်မလုပ်ကြဘဲနဲ့ ကောင်းကောင်းကန်းကန်းဖြစ်လာစရာအကြောင်းသိပ်မရှိပါဖူးခင်ဗျာ…”

” မျိုးဆက်သစ်တွေအခက်ကြုံနေရတဲ့အဓိကတရားခံဟာ
အမှန်တရားမထွန်းကားတာကြောင့်ပါ…ဝိုင်းကူကြဖို့၊တည့်မတ်ပေးဖို့အားလုံးမှာတာဝန်ရှိပါတယ်? ဆောင်းဦးလှိုင် ၂၂.၆.၂၀၁၉ ” ဆိုပြီး ရေးသားလာပါတယ်။

ဆောင်းဦးလှိုင်ဟာလဲ ဂီတလောကမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့သူဖြစ်ပြီး ယခုအချိန်ထိလဲ ဂီတလောကမှာ လေးစား အားကျရတဲ့ ဂီတပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒါကြောင့် သူပြောပြခဲ့တဲ့အချက်တွေဟာ လက်ရှိပြုလုပ်လာကြတဲ့ ဂီတပြိုင်ပွဲ တွေရဲ့ အားနည်းချက်တွေဖြစ်ပြီး အဲ့ဒါတွေကို ပြင်ဆင်လိုက်တဲ့အခါမှာ ယခုထက် ပိုပြီး ကောင်းမွန်တဲ့ ပြိုင်ပွဲတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အချိန်ယူဖတ်ရူ့ပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Saung Oo Hlaing’sfb

(Visited 2435 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ