Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချမ်းသာဆုံး ခရိုနီ တစ်ဦးကို စိန်ခေါ်တယ်ဆိုတဲ့ ကိစ္စကို ဖြေရှင်းလိုက်တဲ့ ဖိုးချစ်

ဇာတ်သဘင်လောကရဲ့ အားကိုးအားထားပြုရတဲ့ ဥက္ကဌတစ်ယောက်ဖြစ်တဲ့ ဇာတ်မင်းသား၊သရုပ်ဆောင် ဖိုးချစ်ဟာ သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေရဲ့ အကျိုးကို အမြဲအလေးထားသူဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှုကိုလဲ ချစ်ခင်မြတ်နိုးသူပါ။ ဒါ့ကြောင့် ယခုအခါမှာ လဲ ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်နန်းတော်မှာ မြန်မာမှုတွေများစွာတင်ဆက်နိုင်ဖို့ဆိုတာ သူ့ရဲ့အိမ်မက်ဖြစ်တာကြောင့် တင်ဒါဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဖိုးချစ်ပြောခဲ့တာကတော့ ” ကျွန်တော် အင်မတန်စိတ်ဝင်စားတဲ့ တင်ဒါတစ်ခုရှိပါတယ် အဲ့ဒါကတော့ ကရဝိတ်နန်းတော်ပါဝင်တဲ့ တင်ဒါပါ… မြန်မာမှူတွေ အများကြီး တင်ဆက်လို့ရမည့် ကျွန်တော့်အိမ်မက် ကြိုးစားမယ်ဗျာ “လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဖိုးချစ်အနေနဲ့ ယခင်နှစ်တွေက အုပ်ချုပ်ခဲ့တဲ့ ပိုင်ရှင်ကို စိန်ခေါ်ကာ ကရဝိတ်ကို ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ” အဲ့လိုကြီး မရေးစေချင်ပါဘူးခင်ဗျာ ကျွန်တော်ဘယ်သူ့မှ စိန်မခေါ်ရပါဘူး အဲ့လိုစိတ်လဲ မရှိပါဘူးဗျာ ကိုယ့်ရှိတဲ့ ဝါသနာ ဖြစ်ချင်တဲ့စိတ် ကြိုးစားကြည့်ချင်တာပါဗျာ “

” ငွေကြေးလဲ မချမ်းသာပါဘူး ဘယ်သူကမှလဲ နောက်ကွယ်က လုပ်ပေးတာ လက်မဲရော လက်ဖြူရော မရှိပါဘူးဗျာ ရခဲ့ရင် ဆက်ကြိုးစားမယ် မရခဲ့လဲ ရတဲ့သူကို မုဒိတာပွါးပါ့မယ်ဗျ မေတ္တာဖြင့် ဖိုးချစ်” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိက်ခန်းမနှင့် ဆက်စပ်လျက်ရှိတဲ့ ယာဉ်ရပ်နားတဲ့ နေရာ အပါအဝင် စုစုပေါင်း ၃ ဒသမ ၄၅ ဧကအတွက် လုပ်ပိုင်ခွင့်တင်ဒါကို ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က စတင်ကာ ရောင်းချခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ တင်ဒါဖွင့်လှစ်ကြေညာမှာ ဖြစ်တယ်လို့သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါ ကရဝိက်ခန်းမကို ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည်ငှား ရမ်းလုပ်ကိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်းက ငှားရမ်းမှုသက်တမ်းပြည့်ခဲ့တာကြောင့် တင်ဒါသစ်ပြန်လည်ခေါ်ယူခြင်း ဖြစ်တယ်လို့ လဲ သိရှိရပါတယ်။

Snow(mcc)

(Visited 2471 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ