Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချဉ်အစပ်တွေ အစားများလို့ အစာအိမ်နာနေ တဲ့ စိုးပြည့်သဇင်

ပရိသတ်တွေ ချစ်ကြတဲ့ အကယ်ဒမီ စိုးပြည့်သဇင်ဟာ လတ်တလောမှာတော့ ကျန်းမာရေးမကောင်းလို့ ဆန်ပြုတ်သောက်နေရပါတယ်တဲ့။ သူမဟာ အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေ သိပ်မရှိတော့ဘဲ ပိုစတာတွေ ကြော်ငြာတွေသာ ရိုက်ကူးနေတာကိုတွေ့မြင်ရမှာပါ။

လတ်တလောမှာတော့ သူမ အစာအိမ် ရောဂါ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ” အစာစားချိန်မမှန်တာရယ်…အချဉ်အစပ်ဆိုရင်အရမ်းကြိုက်တာရယ်….အလုပ်တစ်ခုလုပ်ရင်လည်းအဲ့အလုပ်ပြီးမှစားတတ်တာရယ်…..တခါတလေဆို..အစာမရှိဘဲ…ပေပေတေတေနေတာလေးတွေရယ်ကြောင့်…အခုတော့အစာအိမ်နာနေပြီ…”

”ခုဆိုရင်သိပ်ကြိုက်တဲ့အချဉ်အစပ်လေးတွေနေရာမှာ…လုံးဝမကြိုက်တဲ့ဆန်ပြုတ်ကိုသောက်နေရတယ်….နောက်ကိုတော့ဆင်ခြင်ရတော့မယ်…ဘာဘဲဖြစ်ဖြစ်ကျန်းမာရေးကအရေးကြီးပါတယ်…ကျန်းမာမှစိတ်ချမ်းသာမယ်…လုပ်ချင်တာတွေလုပ်နိုင်မယ်….friတို့လည်းကျန်းမာရေးဂရုစိုက်ကြနော်….” လို့ ဆိုပြီး ပရိသတ်တွေကို သတိပေးခဲ့ပါသေးတယ်။

ဒီအကြောင်းအရာတွေကို စိုးပြည့်သဇင်ရဲ့ ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးတာဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးမျှဝေပေးသွားကြပါအုံး။

Source – Soe Pyae thazin’sfb

(Visited 623 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ