Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချစ်နဲ့ ပတ်သက်ပြီး အပြင်းအထန်ခံစားနေရတဲ့ တိုင်ရွန်

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ဆိုရမယ့် မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ဟာ သူချစ်တဲ့ အနုပညာအလုပ်တွေကိူကြိုးစားလုပ်ကိုင်ရင်း အချစ်အတွက် တိတ်တိတ်လေးကြေကွဲနေရှာပါတယ်။ တိုင်ရွန်ဟာ အချစ်နဲ့ ပတ်သက်လာရင် သူကကံမကောင်းသူဖြစ်တာကြောင့် အချစ်ကို မသိချင်ယောင်ဆောင်ထားလိုက်ပါပြီ လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

သူရေးသားခဲ့တာကတော့ ” ချစ်တယ်ဆိုပြီး ဘဝထဲဝင်လာခဲ့ကြတယ်..ကိုယ်ကပြန်ချစ်လိုက်မှ ဘဝထဲကထွက်သွားကြတယ်…. ထွက်သွားမှာစိုးလို့ အချစ်ကိုမသိချင်ယောင်ဆောင်နေလိုက်တော့မယ် မချစ်ပါနဲ့တော့…..” လို့ ဆိုကာတောင်းဆိုလိုက်ပါတယ်။

တိုင်ရွန်ဟာ မြန်မာပြည်ကအဝင်းဆိုပြီး နာမည်ကြီးခဲ့ရာကနေ တစ်ဖြေးဖြေးချင်းလူသိပိုများလာခဲ့တာဖြစ်ပါတယ်။ တိုင်ရွန်ဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့ပေမယ့် မနေ့ကဖြစ်သည် ဆိုတဲ့ ရုပ်သံဇာတ်လန်းတွဲမှာတော့ လူသိများ​ခဲ့ကာ နောက်ပိုင်းရုပ်ရှင်ကားကြီးများစွာကိုလဲ ရိုက်ကူးပုံဖော်လာခဲ့ပါတယ်။

တိုင်ရွန်ရဲ့က ၂၀၁၉ခုနှစ်အတွင်းမှာတော့ နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ ချစ်သူဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ပြတ်ဆဲသွားပြီလို့လဲ သူကိုယ်တိုင်က ပြန်လည်ကြေညာခဲ့ပါတယ်။

ဖတ်ရှု့မိကြတဲ့ ချစ်ပရိသတ်ကြီးရေ တိုင်ရွန်ကိုအားပေးစကားလေးပြောခဲ့ပါအုံးနော် သူ့ခမျာ အချစ်ကံခေလို့ မချစ်ရဲတော့ဘူးဖြစ်နေရှာတယ် ။

Snow(mcc)
Source – တိုင်ရွန်ဖေ့စ်ဘုတ်

(Visited 388 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ