Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချစ်က လူကိုလှစေပါတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းဟာ သူမရဲ့ အသံပါဝါကောင်းတာတွေကြောင့် အသည်းကွဲသီချင်းတွေ နဲ့ အရမ်းကိုကျော်ကြား ခဲ့တဲ့အပြင် သူမရဲ့ ဖက်ရှင်တွေကြောင့်လဲ အရမ်းကို နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဖြူဖြူဟာ ပွင့်လင်းတဲ့ အမူအရာလေးရှိပြီး ချစ်စရာကောင်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေက အားပေးဝန်းရံကြတာလဲဖြစ်ပါတယ်။

ဖြူဖြူ ကတော့ အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ယခုချိန်ထိ ထိန်းထားဆဲပါဘဲ။ ဒါပေမယ့်လဲ သူမက အချစ်အကြောင်းတစ်ချို့ကို ပြောပြလာပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ လူတစ်ယောက်ရဲ့ အလှက ထပ်တူအချိုးကျတယ်ဆိုတဲ့အကြောင်းကို ပြောပြလာတာဘဲဖြစ်ပါတယ်။

သူမ ပြောခဲ့တာကတော့ ” အချစ်ကလူကိုလှစေတယ်… အကြည်ဓာတ်ကလူကိုလင်းလက်စေတယ်…မေတ္တာကလူကိုအေးမြစေတယ်…ချစ်ပရိသတ်တွေလည်းအချစ်မေတ္တာအကြည်ဓာတ် တွေနဲ့ပြည့်ဝကြပါစေရှင်🥰” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

သူမကိုယ်တိုင်ကလဲ မေတ္တာတရားကြီးမားသူလို့ ဆိုရမှာပါ။ ယခုတင်ထားတဲ့ ဝတ်စုံလေးနဲ့ ကြည်လင်အေးမြပြီး ကျက်သရေ အဖြာဖြာနဲ့ လှပနေတာဘဲ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေကလဲ သူမရဲ့အလှကို စာစီကုံးပေးကြပါအုံးနော်။

Snow(mcc)
Source – phyu phyu kyaw thein ‘sfb

(Visited 884 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ