Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချစ်က ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ကို နူးနူးညံ့ညံ့လေး ဖြစ်စေခဲ့တယ် လို့ ဆိုလာတဲ့ မုဏ်း

ပရိသတ်ချစ်တဲ့အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာ အများဆုံးတွေ့ရတဲ့ မင်းသမီးလေးပါ ။ သူမက ခုတလောမှာဆိုရင် အချစ်ကြောင့် သူမပြောင်းလဲခဲ့ရပါတယ် ဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်။

သူမပြောခဲ့တာကတော့ ” ချစ်မှန်းသိလို့ ဆိုးမိတာပါ ချော့မယ်ဆိုတာ သေချာသိတာမို့ ချွဲလို့ ရစ်လို့ စိတ်ကောက်ရဲတာပါ ။ ဒီကောင်မလေးရဲ့ အပြုအမူ၊ အတွေးအခေါ် တစ်ခုစီတိုင်းကို ပြုပြင်ပေးပြီး ချစ်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။အချစ်က လူကို ပြောင်းလဲစေတယ် “

“လုပ်ချင်တာ လုပ်တတ်ပြီး ဂျစ်ကန်ကန်နဲ့ ဘယ်သူ့ပြောစကားမှ နားမထောင်တတ်တဲ့ ကောင်မလေးကို နူးနူးညံ့ညံ့နဲ့ နွေးထွေးလှတဲ့ ကောင်မလေးဖြစ်အောင် လုပ်နိုင်တယ် ။ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါလားလို့ တွေးမိတိုင်း ရင်ထဲမှာ နွေးထွေးနေရလောက်တဲ့အထိ ချစ်ပေးလို့လည်း အမြဲကျေးဇူးတင်ရပါတယ် “

“မောင့်အပြုံးက ဒီကောင်မလေးအတွက်တော့ ကမ္ဘာပဲ မောင့်ကို ချစ်မိပြီးတဲ့နောက် ဒီလောကကြီးက အရာရာလှပလာတော့တာပါပဲ ။ ဘယ်သူနဲ့ယှဥ်ယှဥ် လွှတ်မချခဲ့ဘူးဆိုတဲ့ အသိ ၊ဘယ်အချိန်ခေါ်ခေါ် ပြေးလာမယ်မှန်း သိနေတဲ့ အသိတွေက မောင်ပေးတဲ့ စိတ်လုံခြုံမှုတွေပါ ။မောင့်မျက်ဝန်းတွေထဲမှာ ဒီကောင်မလေးကို ဘယ်လောက် ချစ်ကြောင်း၊ ဒီအချစ်ကို ဘယ်လောက်တန်ဖိုးထားကြောင်း မြင်နေရတဲ့နောက်ဘယ်အရာကိုမှ မကြောက်တတ်တော့တာ အမှန်ပါပဲ ”

“အသက် ၂၇ နှစ်မှာ မောင့်ကို တွေ့ပြီး တဘဝလုံးမောင့်ကို ချစ်နေခွင့်ရမယ်ဆိုတာ ဒီဘဝအတွက်တော့ ပြီးပြည့်စုံတဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ ။ တန်ဖိုးကို သိတော့မှ တန်ဖိုးထားတတ်တယ်တဲ့ ။ဒီအချစ်ကို တသက်လုံးတန်ဖိုးထားပါ့မယ်…P”လို့ ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မုဏ်းကိုချစ်တဲ့ ချစ်ပရိသတ်တွေအတွက် သူမအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော် ။ ဖတ်ရူ့ပေးလို့လဲ ကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – မုဏ်း’sfb

(Visited 315 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ