Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အချက်အပြုတ် စွမ်းရည်တွေကို အပြိုင်အဆိုင် ထုတ်သုံးလာကြတဲ့ အနုပညာရှင်များ

လက်ရှိ Covid 19ကာလမှာ ရုပ်ရှင်ရိုက်ကူးမှုတွေ အပါအဝင် အခြားသော လုပ်ငန်းတစ်ချို့လဲ ရပ်နားထားကြရပြီး အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ လုပ်ငန်းတွေကသာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ အနုပညာ တစ်ချို့ကတော့ သူတို့ရဲ့ အချက်အပြုတ်ကျွမ်းကျင်ပုံတွေကို အပြိုင်အဆိုင်ထုတ်ပြလာကြပါတယ်။

အဲ့လိုပညာတွေ ထုတ်ပြလာသူတွေကတော့ ညီနန္ဒ၊ မိုးမိုး ၊ ထူးခြား ၊ ဇော်ဇော်အောင် ၊ မောင်မောင်အေး ၊ ပွင့်နဒီမောင် ၊ ယွန်းရွှေရည်နဲ့ နန်းခင်ဇေယျာ တို့က သူတို့ရဲ့ လက်ရာ ကောင်းတဲ့ ဟော့ပေါ့၊ မာလာရှမ်းကော၊ ဝက်ခြေထောက်စွတ်ပြုတ်၊ ကြက်ဆီထမင်း စသဖြင့် အသီးသီး ချက်ပြုတ်ရောင်းချလာကြတာကိုတွေ့မြင်ရပါတယ်။

အလှမယ် ၊သရုပ်ဆောင် နန်းခင်ဇေယျာက တော့ မာလာရှမ်းကော၊ အဆိုတော်သရုပ်ဆောင် မိုးမိုးက ဟော့ပေါ့ ၊ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပွင့်နဒီမောင်နဲ့ ထူးခြားတို့က နံရိုးမီးတောက် ဝက်ခြေထောက်စွတ်ပြုတ်၊ သရုပ်ဆောင် ညီနန္ဒက ထောပတ်ထမင်း၊ သရုပ်ဆောင် ဇော်ဇော်အောင်က ဝက်ရွှေအိတ် ကြက်ရွှေအိတ်၊ သရုပ်ဆောင် ယွန်းရွှေရည်က ဝက်သားတုတ်ထိုး နဲ့ အစီအစဥ်တင်ဆက်သူကြီး ကို မောင်မောင်အေးက တော့ အိုးပူကြီးဆိုတဲ့ ဟော့ပေါ့ တွေကိုအပြိုင်အဆိုင် ချက်ပြုတ်ရောင်းချနေကြတာဘဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးကရော ဘယ်သူတွေဆီက ဝယ်စားပြီးကြပြီလဲ ဆိုတာပြောပြခဲ့ပါအုံးနော် ။ လက်ရှိ ဖေ့စ်ဘုတ်မှာ နာမည်ကြီးနေတာကတော့ နံရိုးမီးတောက်နဲ့ အိုးပူကြီး ပါဘဲနော်။ ချစ်တဲ့ပရိသတ်တွေ က ကိုယ့် အိုက်ဒေါတွေရဲ့လက်ရာတွေကိုလဲ မြည်းစမ်းကြည့်ကြဖို့မမေ့နဲ့နော်။

Snow(mcc)

(Visited 6490 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ