Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အက်စတာ ကို တောင်ဇလပ်ပန်းလေး အဖြူရောင်အဖြစ် တင်စားလိုက်တဲ့ ကိုပေါက်

မြန်မာအိုက်ဒေါရဲ့ season 4 မှာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထပ်တူကြစေခဲ့တဲ့ winner ကို ဆုချီးမြှင့် ပေးနိုင်ခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ တစ်ချို့သော အကြောင်းအရာတွေနဲ့ မြန်မာအိုက်ဒေါရဲ့ အားနည်းချက်တစ်ချို့ကိုလဲ ဒါရိုက်တာကိုပေါက်က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အေးမြဖြု နဲ့ ဘင်ဂျမင် တို့ရဲ့ နောက်ဖြစ်လာမယ့် အောင်မြင်မှုလမ်းကြောင်းတွေကိုလဲ သူ့ရဲ့ အမြင်နဲ့ ​သုံးသပ်ပေးခဲ့ပါတယ်။

သူပြောခဲ့ကတော့ ” မြန်မာအိုင်ဒေါကို seson 1 ကစပြီးအားပေး ခဲ့ပါတယ်။ နှစ်တိုင်းလည်း သုံးသတ်ချက်တွေရေးဖြစ်တယ်။ဒီနှစ်တော့ Top 7 မှာကတည်းက အက်စတာရမယ်လို့ ရှုတင်မှာ ခဏခဏပြောခဲ့ဖူးတယ်။ Top 5 ရောက်တော့ အရင်ဆုံး ရောကီးပြုတ်မယ် ပြီးရင်မူးလာ ပြုတ်မယ် နောက်ဆုံး အက်စတာ အေးမြဖြူ ဘက်ဂျမင်း သုံးယောက်ကျန်ပြီး အက်စတာwinner ဖြစ်မယ်လို့ facebook မှာ ရေးခဲ့ဖူးတယ်”

“အေးမြဖြူရော ဘက်ဂျမင်းရော တော်ကြတယ်။ “ဘက်ဂျမင်း ”ကတော့နောင်တချိန်မှာ အလင်းလက်ဆုံးနဲ့ကိုယ်ပိုင်အနုပညာတင်ဆက်မှု အားကောင်းကောင်းတွေ တင်ဆက်နိုင်မယ့် သူလို့မြင်တယ်။ အေးမြဖြူကလည်း ခဏပျောက်ဆုံးနေတဲ့ မြန်မာသံလူငယ်အဆိုတော်နေရာကို ကောင်းကောင်းကြီးအစားထိုးနိုင်မယ်လို့ မြင်မိတယ်။အရင်က နီနီဝင်းရွှေ စိုးစန္ဒာထွန်း တို့လိုမျိုးပေါ့”

“သူ့ကို မြန်မာသံ သီချင်းကြီး သီချင်းခန့် တွေနဲ့ကျက်သရေရှိနေမယ့် အဆိုတော်တစ် ယောက်ဖြစ်လာမယ်လို့မြင်ပါတယ်။ အက်စတာကတော့ အဆိုတော်တစ်ယောက်ရဲ့ ဟိတ် ဟန် အသံ နဲ့ပါဝါတွေရှိနေ။ အနုပညာဖန်တီးကြတဲ့အခါ စိတ်ခံစားမှုကို ဦးစားပေးမှ ကိုယ့်အနုပညာက ပြောင်မြောက်တတ်တာမျိုး။ သူက mood အရမ်းကောင်းတယ်။ ဆုန်သင်းပါလို အရည် အချင်း ကောင်းတွေနဲ့ မြန်မာပြည်အနှံ့ ပွင့်လာမယ့် တောင် ဇလပ် ပန်းလေးပါပဲ”

“Seson 1 တုန်းက နင်ဆီမေကိုအားပေးခဲ့တယ်။ သူ winner မဖြစ်ခဲ့ဘူး။ Seson 2 တုန်းက သားငယ်ကိုအားပေးခဲ့တယ်။သူ winner ဖြစ်ခဲ့တယ်။ Seson 3 တုန်းက ချမ်းမြေ့မောင်ချိုကိုအားပေးခဲ့တယ်။ (ဖြိုးမြတ်အောင် winnerဖြစ်မယ်ဆိုတာသိပေမယ့် မောင်ချိုကိုအားပေးခဲ့တယ်) သူ winner မဖြစ်ခဲ့ဘူး။Seson 4 မှာ အက်စတာကို အားပေးခဲ့တယ်။ သူ winner ဖြစ်သွားတယ်”

“Seson 4 ခုမှာ ကိုယ်အားပေးတဲ့သူ Winner ဖြစ်တာမဖြစ်တာကသရေ ကျသွားတယ်။ အနုပညာရှင်တစ်ယောက်က pro ဆန်ရမယ် လို့တစ်ချို့က ပြောကြတယ်။ မှန်ပါတယ်။ တစ်ခါတစ်လေလည်း ကိုယ်က ပရိသတ်ဖြစ်ခွင့်ရှိချင်တာပါ။ အနုပညာရှင်အားလုံးကို ချစ်ခင်လေးစားပါတယ်။ မမီးကိုပဲ တစ်ခုလေးပြောချင်တာက♥♥အက်စတာကို winner ပေးမယ့်အစီအစဥ်
ရှိထားပေမယ့် ဝေကြီးရဲ့ winner song အဖြူရောင် သီချင်းမှာတော့ ကစားကွက်နည်းနည်းလိုသွားတယ်”

“ပရိသတ်တွေရော Top 3 သုံးယောက်လုံးရော အိမ်မက်မက်ခွင့်ရအောင် ဘက်ဂျမင်းရော အေးမြဖြူရော အားလုံးကို အဖြူရောင်တွေပဲ ဝတ်ခိုင်းလိုက်ရင်အရမ်းလှသွားမယ်။ ဘာပဲဖြစ်ဖြစ် MMIDရဲ့ထုံးစံအတိုင်း သူကြိုက် ကိုယ်ကြိုက်တွေနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ နောက်နှစ်မှာလည်း အားပေးနေအုံးမှာပါ။ အောင်မြင်နေအုံးမယ့် မြန်မာIDOL။ ကိုပေါက် ခေတ္တ မန်းလေး” လို့ ဆိုကာ အသေးစိတ် သုံးသပ်ပြောကြားခဲ့ပါတယ်။

ချစ်ပရိသတ်တွေကရော ကိုပေါက်ရဲ့ သုံးသပ်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ?

Snow(mcc)

(Visited 5130 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ