Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အကယ်ဒမီ ခန့်မှန်းတဲ့အခါ တစ်ခြားသူတွေကို မဆဲဖို့ သူမပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ ဖွေးဖွေး

ပန်းလေးတွေနဲ့ အမည်မှည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုကြီး ၃ဆုကိုရရှိခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဖွေးဖွေးဟာ ယခုနှစ်အကယ်ဒမီ ခန့်မှန်းတာနဲ့ပတ်သက်ပြီး သူမ ရဲ့ပရိသတ်တွေကို မဆဲကြဖို့တောင်း ဆိုလာပါတယ်။ သူမဟာ နှစ်တိုင်းမှာရုပ်ရှင်ကားကြီးတွေ များစွာရိုက်ကူးရသလို သူမရဲ့ ပရိသတ်တွေကလဲ သူမကို နှစ်တိုင်းလိုလို အကယ်ဒမီ ရစေချင်ကြပါတယ်။

အဲ့လို အကယ်ဒမီရစေချင်ကြတဲ့ ပရိသတ်တွေကို နှစ်သိမ့်ပေးလိုက်ပုံကတော့ “ ဘယ်သူပဲရရ အားပေးဖို့ ဝန်းရံဖို့အသင့်ပါရှင် ဒီနှစ် က ဖွေး နှစ်မဟုတ်ပါဘူး…Nominees လဲအရမ်းနည်းပါတယ်…ဘယ်သူရရ အားပေးရမယ်နော်..သူတပါးကို ဆဲတာတွေဘာတွေမလုပ်ရဘူးနော်” လို့ ဆိုကာ သူမရဲ့ပရိသတ်တွေကို အားပေးစကားပြောရင်း နဲ့ မဆဲကြဖို့တောင်းဆိုလိုက်ပါတယ်။

၂၀၁၉ခုနှစ်က သူမပါဝင်ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲက ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကြီး ၄ကားရှိပြီး အဲ့ဒီရုပ်ရှင်ဇာတ်ကားတွေကတော့ ကြာတော့သည်လည်းမောင့်စကား၊ ပပဝတီစီရင်ခန်း၊ သူစိမ်းအိမ် နဲ့ လှပ်၍လွင့်သော စတဲ့ ရုပ်ရှင်ကားကြီးတွေဘဲဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ချစ်ပရိသတ်တွေကတော့ သူမကို ကြာတော့သည်လည်းမောင့်စကား နဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီ တစ်ဆုကို ထပ်မံရရှိစေချင်နေကြတာလဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေရဲ့ဆန္ဒတွေ ပြည့်ဝကြမှာလားဆို တာ ကတော့ မတ်လ (၂၉) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် အကယ်ဒမီဆုချီးမြှင့်ပွဲမှာ သိရှိရတော့မှာ ဖြစ်ပါတယ်။

Snow(mcc)
Source – phway phway’sfb

(Visited 7437 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ