Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဟာသသရုပ်ဆောင် ပါကျဲကို ကိုယ်စားအလှူငွေ ပေးအပ်ခဲ့တဲ့ မြတ်သူသူဇင်

ယခုရက်ပိုင်းအတွင်း လူတွေကြားမှာ နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ခေါ်မရိုက်တာကြောင့် စားဝတ်နေရေးအတွက် သူ့အစ်ကိုဖြစ်သူနဲ့ အတူ ဖိနပ်ချုပ်ထီးပြင်တဲ့ အလုပ်ကိုလုပ်ခဲ့ရတယ်လို့ ဆိုကာ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် သူချစ်တဲ့ အဆိုတော်၊ဒါရိုက်တာ ယုန်လေးက ရုပ်ရှင်ဇာတ်ကားထဲမှာ ခေါ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့လို ခေါ်ယူရိုက်ကူးတဲ့အတွက် ပါကျဲ အနေနဲ့ အတိုင်းမသိ ဝမ်းသာခဲ့ရပါတယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် ဟာသသရုပ်ဆောင် ပါကျဲကို မြတ်သူသူဇင်ကလဲ အလှူငွေတစ်ချို့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှူဒါန်းမှုနဲ့ ပတ်သက်ပြီး မြတ်သူသူဇင်က “ MC ရဲ့ရိုက်ကူးရေးတခုလုပ်ရင်း ကိုပါကျဲကို ကိုရီးယားမှာရှိတဲ့ အစ်မ တစ်ယောက် က လှူတဲ့အလှူလေးမှာ ကိုယ်စားလှူပေးခဲ့ပါတယ်။ ကိုပါကျဲရဲ့အပျော်တွေနဲ့ ထပ်တူလည်းပျော်နေမိပါတယ်။ ကိုယ်စားလှူ ပေးရပေမယ့် အရမ်းကျေနပ်ပီတိဖြစ်မိပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမကို ဝင်ငွေတွေ သိန်းဆယ်ချီရနေပြီး အဆင်မပြေတဲ့ ဇာတ်ရံ၊ဇာတ်ပို့ တွေကို ပြန်ကြည့်သင့်တယ် ဘာလို့မကြည့်တာလဲလို့ ဆိုပြီး ဝေဖန်ပြောဆိုတာခံလိုက်ရပါတယ်။ အဲ့လိုပြောခံခဲ့ရတာနဲ့ ပတ်သက်ပြီး “စကားလုံးတွေကတော့ “ ခင်ဗျားတို့ မင်းသား မင်းသမီးတွေက ဇာတ်ကားကောင်းအောင် ဇာတ်ပို့ပေးခဲ့တဲ့ အပင်ပန်းခံတဲ့ဇာတ်ပို့ဇာတ်ရံတွေကို ပြန်မကြည့်ဘူး သိန်းဆယ်ချီရနေတာ မင်းသား မင်းသမီးနဲ့ ဒါရိုက်တာပဲရှိတယ်။ အမှန်ဆို သူတို့အတွက်ပြန်ကြည့်သင့်တယ်ဘာညာနဲ့ ဒီနေ့ အပြောခံလိုက်ရတယ် ?”

“အော် ကိုယ်ကနာမည်ကြီးမင်းသမီးကြီးကျလို့ ? အော် ကိုယ်က အရမ်းအောင်မြင်နေတာကျလို့? လှူချင် ကူချင်တာပေါ့ ဒီလောကသားချင်းမှမဟုတ်ဘူး အဆင်မပြေတဲ့သူ တကယ် ဒုက္ခရောက် နေတဲ့လူသားတွေအတွက် အကျိုးပြုနိုင်တဲ့ လူသားတဦးဖြစ်ချင်တာပါ ? ကိုယ်ခုထက်ပိုကြိုးစားနေပါတယ်ကွယ် စိတ်ရှိသလောက် နောက်ပြန်လှည့်မကြည့်စတမ်း လှူနိုင်ဖို့အရေး ကိုယ်ကြိုးစားနေပါတယ် ကိုယ့်မိသားစုအတွက် ကျေးဇူးရှင်မိဘတွေဆရာသမားတွေ မိတ်ဆွေတွေ အားလုံးအတွက် ကိုယ်ခုထက်ပိုကြိုးစားပါ့မယ် ?” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Myat Thu Thu Zin’sfb

(Visited 673 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ