Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဟင်းချက်ပြီး စည်ပင်လုပ်သားတွေကို လှူခဲ့တဲ့ ဖွေးဖွေး

အကယ်ဒမီ ၃ဆုပိုင်ရှင် ဖွေးဖွေးဟာ သူမချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုလဲ လုပ်ဆောင်နေသလို အလှူအတန်းတွေကိုလဲ လုပ်ဆောင်လေ့ရှိတဲ့ စိတ်ထားဖြူစင်လှတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမက ပန်းလေးတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီရခဲ့ပြီး ယခုဆိုရင် ပန်းလေးလိုနူးညံ့တဲ့ စိတ်ထားလေးနဲ့လဲ အလှူအတန်းတွေလုပ်ဆောင်နေပါတယ်။

ဖွေးကတော့ ” ဘဲဥ ငါးဖယ် သီးစုံပဲကုလားဟင်း ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နှုတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ အဒေါ်တွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့… အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်.. ?❤ ရှလွတ်.. Video ကို Comment တွင်ကြည့်ပါ ????” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဖွေးဖွေးဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို တော့ပြန်လည်လုပ်ဆောင်နေပါတယ်။ မကြာသေးခင် လပိုင်းလောက်ကလဲ ကားအက်ဆီးဒင့် ကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ခုနောက်ပိုင်းမှာတော့ ပြန်လည်ကျန်းမာနေပါပြီ။

သူမတို့ မိသားစုလေးဟာ အရင်တခါကလဲ ကုန်ထမ်းလုပ်သားတွေအတွက် ညစာထမင်းနဲ့ဟင်းကိုလှူခဲ့ပါသေးတယ်။ ဖွေးတို့မိသားစုလေးရဲ့ အလှူအတွက် သာဓုခေါ်ပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်။

Source – phwayphway’s fb

(Visited 864 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ