Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သောက်သံုံးရေကန် တူးဖော်ရာမှ ငွေကျပ် ၁၅သိန်းလှူခဲ့တဲ့ စမိုင်းလ် မိသားစု

လူအများအားကျရလောက်အောင် ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ ဒိတ်ဒိတ်ကျဲမော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စမိုင်းလ်ဟာ တကယ့်ကို မွန်မြတ်လှတဲ့ အလှူတွေကိုပြုလုပ်နေပါတယ်။ သူမမှာ ရှေ့သွားနောက်လိုက်ညီတဲ့ ခင်ပွန်းကောင်းရှိပြီး သူမဖြစ်စေချင်တာတွေကို အမြဲဖြည့်ဆည်းပေးတက်သလို အလှူအတန်းတွေကိုလဲ လိုအပ်တဲ့နေရာတွေမှာ ရက်ရက်ရော ရော လှူဒါန်းလေ့ရှိပါတယ်။

ယခုအခါမှာလဲ သူမတို့ဇနီးမောင်နှံဟာ သောက်သုံးရေ အခကအခဲဖြစ်နေတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ သောက်သုံးရေကန် နဲ့ အဝီဇိတွင်း တူးဖော်ဖို့ အတွက် မွန်မြတ်လှတဲ့ အလှူငွေကို ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလှူကလဲ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးအမှတ်တရအဖြစ်လှူဒါန်းခဲ့တာလို့လဲ သိရပါတယ်။

” ဒဂုံမြို့သစ်တောင်ပိုင်း ၊ (56) ရပ်ကွက်၊ နဝရတ်ကိုးသွယ်လမ်းထောင့်တွင် သောက်သုံးရေကန်နှင့် အဝီဇိတွင်း တူးဖော်ရန်အတွက် ကိုပြည့်မောင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုပြည့်မောင် + မစမိုင်းလ် မိသားစုမှ (15) သိန်းကျပ် လှူဒါန်းပေးခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ချစ်ခြင်းများစွာဖြင့် အရည်ကြို ” လို့ဆိုကာ အရည်ကြိုရဲ့ ဖေ့စ်ဘုတ်မှာ ပုံတွေနဲ့အတူရေးသားခဲ့ပါတယ်။

စမိုင်းလ်တို့ရဲ့ပရိသတ်ကြီးရေ သူမရဲ့အလှူအတွက် သာဓုခေါ်ပေးကြပါဦး ။ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။

Snow (MCC)

(Visited 551 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ