Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သေတဲ့ထိ Tik Tok မရိုက်ဖူးဆိုတဲ့ အောင်မြင့်မြတ်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ဟာ ခီမောင်နှံရဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အတူ ပရိသတ်လက်ထဲရောက်ရှိလာတဲ့ မင်းသားတစ်လတ်ပါ။ သူက အမိုက်စားအက်ရှင်ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်သလို သူကိုယ်တိုင်ကလဲ ခက်မိုက်မိုက်စတိုင် နဲ့ အမြဲနေတက်သူပါ။

ယခုရက်ပိုင်းအတွင်းမှာတော့ Covid -19ကြောင့် အိမ်ထဲမှာဘဲ နေကြရတဲ့ သူတွေများပြားလာခဲ့ပြီး အနုပညာရှင်တွေလဲ ရိုက်ကွင်းတွေနားကာ အိမ်မှာဘဲ နေထိုင်နေကြပါတယ်။ ခုလိုအချိန်မှာ အဆိုတော်တွေကလဲ သီချင်းတွေ ဆိုကာ ပန်းချီဆရာတွေလဲ ပန်းချီဆွဲကြတာပေါ့။

သရုပ်ဆောင် တွေကတော့ Tik Tok တွေဆော့ကြရင်းပေါ့ အွန်လိုင်းပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာပါ။ အောင်မြင့်မြတ်ကတော့ သူ tik tok ကို မုန်းတဲ့အကြောင်းနဲ့ ဘယ်တော့မှမရိုက်ဘူးလို့ ဆိုကာ ပြောပြခဲ့ပါတယ်။

“Rapper တွေ Rap ရွတ်ကြတယ် ။ Rocker တွေက Rock သီချင်းတွေဆို ပန်းချီဆရာတွေက ပန်းချီတွေတူတူဆွဲ ကဗျာဆရာတွေက ကဗျာတွေဖွဲ့သီနေကြတယ်လေ..ငါတို့သရုပ်ဆောင်တွေကျမှ Tik Tok ရိုက်ရမယ်တဲ့လား ဖားခရု 😑 အိမ်မှာပဲနေပါ။ တစ်တော့သည်ကြိမ်စာ သေသည်အထိတစ်တော့မရိုက် အိုင်ဟိတ်တစ်တော့ တစ်တော့သည်အဆိပ် ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Snow(mcc)
Source – aung myint myat’sfb

(Visited 985 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ