သေခြင်းတရားကို အရမ်းကြောက်မိတယ် ဆိုတဲ့ စံရတီမိုးမြင့်

စံရတီမိုးမြင့်ဟာ အနုပညာအလုပ်တွေ လဲလုပ်ကိုင်းရင်း ပရဟိတအလုပ်တွေကိုလဲ လုပ်ကိုင်ကာ ဘာသာတရားကိုလဲလေးစားလိုက်နာသူတစ်ယောက်ဖြစ် ပြီး တိရိစ္ဆာန်လေးတွေကိုလဲ ချစ်ခင်တက်ပြီး စိတ်ထားနူးညံ့သူလေးပါ။ ယခုအခါမှာလဲ သူက နေ့မြင်ညပျောက်ဆိုတဲ့ စကားပုံထက်တောင်မြန်ဆန်လွန်းတဲ့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဗဟုသုတရဖွယ်ရာတွေကို ရေးသားဖော်ပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” နေ့မြင်ညပျောက် တောင်မဟုတ်ဘူး ခုမြင် ခဏနေပျောက်တဲ့ လောကကြီးကို အရမ်းကြောက်တယ်.. မနက်ဖြန်ကိုယ်ဘာဖြစ်မယ် ဆိုတာဘယ်သူမှကြိုမသိလို့ နေ့တိုင်းကို ကောင်းသောစိတ် ကုသိုလ်စိတ်နဲ့ပဲဖြတ်သန်းကြပါ..အသိကိုသတိနဲ့ယှဉ်ပြီးနေထိုင်သွားလာကြပါ..သတ္တဝါတွေအားလုံးကျန်းမာချမ်းသာ ဘေးရန်ကင်းကွာပြီး ကပ်ဆိုးများမှ ကျော်လွှားနိုင်ပါစေ..” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

လတ်တလောမှာတော့ အနုပညာအသင်းအဝိုင်းက လူတွေနဲ့ ရင်းနှီးတဲ့ ကောင်မလေး တစ်ယောက်ဟာ မနေ့ညက ယာဉ်မတော်တဆမှုဖြစ်ပြီး ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တာကတော့ ၄ဦးဖြစ်ပြီး ၂ဦးက နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားပါတယ်။ အဲ့ဒီလို ရုတ်တရက် သေဆုံးမှုကို မယုံနိုင်ကျဘဲ ကြေကွဲဝမ်းနည်းနေကြပါတယ်။

သူမဟာ ဒီအကြောင်းအရာလေးကို အခြေတည်ကာ မှတ်သားဖွယ်စကားလေးကိုရေးသားခဲ့တာမို့ ပရိသတ်တွေ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sanyadi Moe Myint ‘sfb

(Visited 5682 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ