Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူ နေထိုင်တဲ့ သြစတေးလျ ရဲ့ အခြေအနေကို ပြောပြလာတဲ့ မီးမီးခဲ

ပရိသတ်တွေချစ်တဲ့ အဆိုတော်မီးမီးခဲဟာ ဟိုးအရင်ကတည်းက အောင်မြင်မှုတွေရရှိခဲ့သလို ယနေ့အချိန်ထိလဲ ပရိသတ်တွေရဲ့ရင်ထဲမှာ တည်ရှိနေဆဲဖြစ်ပါတယ်။ သူက လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ covid -19နဲ့ ပတ်သက်ပြီး သူတို့ နေထိုင်တဲ့ သြစတေးလျ ရဲ့ အခြေအနေကိုပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့ ပုံကတော့ “ချစ်သော မိတ်ဆွေများ နဲ့ချစ်ရသော fans များ ကျန်းမာကြပါစေနော်..post မတင်ဖြစ်တာ ကြာ သွားခဲ့ပါတယ်..နားလည်ပေးပါလို့..ကျွန်မနေတဲ့ Australia Sydneyက အခုဆိုရင် ကူးစက်မှု အရှိန် အရမ်းတိုးလာလို့တမြို့လုံး အိမ်ထဲမှာနေရ ကြပါတယ်.. ဈေးတောင်သွားခွင့်ပိတ် ရက်ကွက်တခုနဲ့တခု လဲ သွားခွင့်ပိတ် ဆေးခန်းတွေမှာဆို ရဲတွေစောင့်နေကြတယ်.. Aussie အစိုးရက ပြောတာတော့၁၃ ပတ် ထိ လူတွေ အိမ်မှာသာနေမယ်ဆိုရင် အခုကူးစက်မှုနုန်း ထက် အများကြီး လျော့ကြသက်သာမယ်လို့ ကြော်ငြာထားကြပါတယ်..”

“online နဲ့သာ အလုပ်လုပ် ကြရပါတယ်။ စည်းကမ်းကိုတင်းကျပ်စွာချမတ် ထားလို့သာ ကျွန်မတို့ခုထိ မကူးစက်သေးတာသာကြည့်ပါ..လူ၃၀၀၀ ထောင်ကျော် ကူးစက် လူ၈၀ သေ recovery ကတော့ အတော်များခဲ့ပါပြီကျွန်မပြောချင်တာ ဒီရောဂါကို တခုတည်းသော ကာကွယ် ခြင်းဟာ အိမ်မှာ နေခြင်းပါလို့ဧည့်သည် လဲ လုံးဝ မလာရ သောစနစ်လေနော် ။ တအိမ်မှာတယောက်ပဲဈေးထွက်ဝယ်ခွင့်ရှိကြတယ်။ စားသောက်ကုန်များကိုလဲ ဆိုငိတွေက လိုချင်သလောက်မရောင်းပါဘူး..”

“ကျွန်မကလေးတွေက နွားနိူ့သောက်ကြပါတယ်.လူတယောက်ကို နှစ်ဘူး ကျန်တဲ့ လူအဝယ်များတဲ့ စားစရာ ဆေး နဲ့ Tissue စသည်များကိုလဲ တယောက်ကိုအကန့်အသတ်နဲ့ရောင်းပဲချပါတယ်..လူကြီးတွေက ပင်စင်ကတ်သာပြရင် ဦးစားပေးဝယ်ယူခွင့်ရကြပါတယ်..တခု မျှတ တယ်လို့ခံစားရတာက အလုပ်သမား သာမာန် ရုန်းကန်ရတဲ့မိသားစုနဲ့ သူများကို Aussieအစိုးရက ကူညီပိုက်ဆံ ထုတ်ပေးကြပါတယ်”

“အသက်အရွယ်ကြီးတဲ့ လူကြီးများ,ကလေးများနဲ့မိခင်များ သာမာန် အလုပ် သမားများကို ကျပ်တည်းမှာစိုးလို့ထောက်ပံ့ငွေ ပေးပါတယ်..လူသားချင်းစာနာသနားခြင်းကို ခံစားမိပါတယ်..ကျွန်မခွန်အားပေးချင်တာ မကြောက်ပါနဲ့..မဖြစ်အောင် တကိုယ်ရည်သန့်ရှင်းမှုနဲ့ တွန်းလှန်ပါ..ဘုရားကိုအာရုံပြု၍ ဘာသာအလ်ုက် ငြိမ်သက်ခြင်းကို ရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..God Bless You All…💝💝”လို့ ဆိုကာ အသေးစိတ်ပြောပြခဲ့ပါတယ်။

မီးမီးခဲဟာလက်ရှိမှာ သမီးနှစ်ယောက်၊ သားတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး သမီးကြီးကတော့ အမေတူသမီး ဖြစ်ပြီး သီချင်းတွေလဲ သီဆိုနေပါပြီ။ မီးမီးခဲ ဟာ လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာနေထိုင်နေပြီး မြန်မာပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Snow(mcc)
Source – mee mee khel’sfb

(Visited 15600 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ