သူ့အတွက် ၂၇နှစ်ပြည့်မွေးနေ့က အပျော်ဆုံးပါဘဲလို့ ပြောလာတဲ့ ရွှေထူး

အချစ်သီချင်းတွေ ၊အသည်းကွဲသီချင်းတွေနဲ့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ အဆိုတော်ရွှေထူးဟာ ပတ်ပတ်စက်စက်ညှို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုတစ်ခုရရှိလာခဲ့ကာ ယနေ့အချိန်မှာဆိုရင် ရုပ်ရှင်ကားကြီးတွေ များစွာ ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသားတစ်လတ်လို့လဲ ပြောရမှာပါ။ သူဟာ စက်တင်ဘာလ(၁၉)ရက်နေ့မှာတော့ အသက်(၂၇)နှစ်ပြည့် မွေးနေ့ကိုရောက်ရှိခဲ့ပြီဖြစ်ပြီး ဒီမွေးနေ့က သူ့အတွက် ပြီးပြည့်စုံမှုတွေနဲ့ အပျော်ဆုံးေမွေးနေ့ ဖြစ်ခဲ့တယ်လို့လဲ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သူရေးသားခဲ့တာကတော့ “ ဘဝမှာပထမဆုံးသော အပြည့်စုံဆုံးသော အပျော်ရွှင်ရဆုံးသော မွေးနေ့လေးဖြစ်ခဲ့ရပါတယ်ဗျာ… ချစ်ကြ ခင်ကြ တန်ဖိုးထားကြတဲ့ ကျွန်တော့်ကိုချစ်သော ကျွန်တော်ချစ်ရသော မိတ်ဆွေ ပရိသတ် ညီအကိုမောင်နှမ သူငယ်ချင်း မွေးနေ့ဆုတောင်းပေးကြသူ အပေါင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ… 🙏🙏🙏( ဘာကြောင့်အဲ့လောက်ပျော်ရွှင်ရတဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်လည်းဆိုတာ မကြာခင်သိရပါမယ်ခင်ဗျာ )” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ရွှေထူးရဲ့ မွေးနေ့ အတွက်ကိုလဲ မိခင်ဖြစ်သူက “ မွေးနေ့မှစပြီးနေ့ရက်တိုင်း စိတ်ကလေးအေးငြိမ်းချမ်းသာရှိပါစေ။ ဖြစ်ချင်တာနဲ့ ဆန္ဒ တစ်ထပ်တည်းကျပါစေ။ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ကိုယ်ချစ်သာ မိသားစုတွေနဲ့ ဘဝကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။ သားကြီးကိုချစ်ပေးကြပါ ခွင့်လွှတ်တဲ့ စိတ်ကလေးနဲ့ ချစ်ပေးကြပါ။တကယ်တော့သားကြီးကမဆိုးပါဘူး စိတ်ထားတအားနူးညံ့တာ ၊ ပရိသတ်တွေပေါ်မှာလဲ အရမ်းဂရုစိုက်တယ် ခုလဲ ဂရုစိုက်ပနေတာပါဘဲ မိန်းမရသွားတဲ့ အပေါ်မှာတော့ နည်းနည်းလေးတော့ လစ်ဟာမှုလေးရှိခဲ့ရင် သားရဲ့ ပရိသတ်တွေက ခွင့်လွှတ်နားလည်ပေးစေချင်တယ် ၊ ဆက်ပြီးတော့လဲ အားပေးပါ။ ဆက်ပြီးတော့လဲ ချစ်ပေးပါ။ သားရဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဆိုကာ 7th Sense Creation ရဲ့ မွေးနေ့ဆုတောင် အစီအစဉ်မှာ ပါဝင်ဆုတောင်းပေးထားတာဖြစ်ပါတယ်။

အဆိုတော်သရုပ်ဆောင် ရွှေထူး ဟာ သူ့ရဲ့ မွေးနေ့အလှုကို လှည်းကူးမြို့နယ် မရမ်းချောင်ရှိ မင်္ဂလာပရဟိတကျောင်းမှာ သွားရောက်ပြုလုပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Source – htoo Khant’sfb, 7th Sense Creation

(Visited 9434 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ