Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူ့သီချင်းလေးပြန်များဖျက်ရတော့မလားလို့ တွေးပြီး စိတ်မကောင်းဖြစ်နေတဲ့ ယုန်လေး

အဆိုတော်သရုပ်ဆောင် ယုန်လေးက သီချင်းတွေ မရှိတာကြာပြီဖြစ်ပြီး ယနေ့မှာတော့ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ အဆိုပါသီချင်းလေးကို သူက လက်တလော တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ Coronavirus ကို အခြေခံကာ အချစ်ဇာတ်လမ်းလေး အသွင်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်လမ်းလေးက ချစ်ရတဲ့ သူဆီမှာ ဒီရောဂါဆိုးရှိနေရင်တောင် သူ့အနားကမခွာဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံလိုက်တယ်ဆိုတဲ့ ပုံစံမျိုးလေး ရိုက်ကူးထား တာဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်ပြီး “ ဒီနေ့ စိတ်ကူးနဲ့ပဲ သီချင်လေးတင်ထားပါတယ် ။ အစတုန်းကတော့ ကြည့်ပြီးပြီလား . မိုက်လား .ဘာလိုလဲ မေးမလို့ . အခုတော့ 😭😭😭😭ကံတွေ မကောင်းသေးဘူး . သီချင်းလေးကို နှစ်သက်ခဲ့ရင် Down ပေးထားပါ . အဖျက်ခံရဖို့ များနေပါတယ် Coronavirus ကုသဆေး ပေါ်တာ . တရားဝင် မကြေညာသေးလို့တဲ့ အတွက်တဲ့ .စိတ်ကူးတွေ သဲထဲရေးသွန် ဖြစ်ပြန်ပြီ စိတ်ကူးတာ တကယ်ဖြစ်ချင်မှ ဖြစ်မှလေ 😭😭😭 မျက်ရည် ခြူခြင်း သီချင်းကို လူစိတ်ဝင်စားအောင်လုပ်ခြင်းလုံးဝ မဟုတ်ပါ “

“အချိန်တွေ ငွေကြေးတွေ အများကြီး ကုန်ပါတယ်။ ယုန်လေး တစ်ယောက်ထဲ အနေနဲ့ ဒီတစ်ပုဒ်က စပြီး သီချင်းပြန်ဆိုတာပါ. စိတ်ဓာန်တက်ကြွနေတုန်းရှိသေးတယ် . ကံတရားရယ် . .ဟိုနေကလည်း ခြေထောက်ထိ ဒုတ်ကောက်နဲ့ လမ်းလျောက်ရတယ် . ဘုရား တရားလည်း လုပ်ပါတယ် .လူတိုင်း ပေါ်လည်း ကူညီပါတယ် . စိတ်ထားလည်း အကောင်းဆုံးထားပါတယ် . ဘာလို ဒီလိုတွေ ဖြစ်နေတာလဲကွာ 😭”လို့ ဆိုကာ စိတ်မကောင်းကြီးစွာ ဖြစ်နေတယ်လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ဒီသီချင်းလေး ကို ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်လေးကတော့ “ Coronavirus ကို ကိုယ့်ချစ်တဲ့လူကိုသာ ကူးစက်ခဲ့ရင် သင်ဆို ဘယ်လိုလုပ်မလဲ ??” လို့ ဆိုတဲ့ စိတ်ကူးရည်ရွယ်ချက်လေးဖြစ်ပေမယ့် ပြန်ဖျက်ရတော့မလို ဖြစ်နေတဲ့လို့လဲ သိရပါတယ်။ ယုန်လေးကို သူ့ရဲ့ စိတ်ကူးနဲ့ပဲ ဆိုတဲ့ သီချင်း MV လေးအတွက် ခွန်အားဖြစ်စေမယ့်စကားလေးပြောပေးခဲ့ကြပါဦးနော်။

Snow(mcc)

(Visited 5903 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ