Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူများမယားငယ်လုပ်လာတာ ပြန်တွေးကြည့်ရင်ရှက်စရာကြီးပါ အကယ်ဒမီမရယ် လို့ ဆိုလိုက်တဲ့ ဟန်နီထွန်း

တစ်ချိန်က ဟန်နီထွန်းဆိုတာ နာမည်ရှိပြီးသား မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး သူမက ရုပ်ရှင်ကားကြီးတွေရော ၊ ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးပုံဖော်ခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက်ပါ။ သူမကို ပရိသတ်အများစုက ဗီလိန်ဇာတ်ရုပ်နဲ့ဘဲ သတိထားမိခဲ့ကြပြီး သူမကိုယ်တိုင်ကလဲ အချစ်ဇာတ်လမ်းတွေမှာဆိုရင် ဗီလိန်အဖြစ်တာများပါတယ်။ ကျရာဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကလဲ သူမရဲ့ ပြောင်မြောက်လှတဲ့ အနုပညာတစ်ခုဘဲဖြစ်ပါတယ် ။

ဟန်နီထွန်းဟာ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာနေထိုင်နေတာဖြစ်ပါတယ်။ သူမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဗီလိန်အဖြစ် သရုပ်ဆောင်နိုင်ပေမယ့် အပြင်ကလက်တွေ့ဘ၀မှာတော့ မဟုတ်မခံစိတ်ရှိပြီး အမှန်တရားဘက်က ရပ်တည်တက်သူလဲ ဖြစ်ပါတယ်။ သူမမှာ ယနေ့အချိန်ထိ သူမရဲ့ ချစ်သူကို လုယူခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းကပေးတဲ့ စိတ်ဒဏ်ရာကတော့ ခုချိန်ထိကို အခဲမကျေသေးဘူးဖြစ်နေပါတယ်။

အဲ့သူငယ်ချင်းနဲ့ ပတ်သက်ပြီး သူမထပ်မံပြောလာတာကတော့ “ တချိန်လုံးဝင်ကြည့်နေတာသိသာလိုက်ထှာ သတ္တိရှိရင် live ရိုက် တခုတော့ရှိတယ် ငါ့မျက်နှာမှာ ဘာမှ မလှ လှအောင်ပြုပြင်မထားဘူး အပြင်မှာမြင်ဖူးတဲ့သိတယ် မယားငယ်မ သိဖို့…” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာလဲ Blogger ၀င်းမင်းသန်း ရဲ့ အင်တာဗျူးလေးကိုလဲ မျှဝေထားပြီး “ သူများ interview တွေကြည့်ပြီး ရှက်တတ်ရကောင်းမှန်း သိရဲ့လား ပညာမတတ် စာဖတ်တာထက် မဟုတ်ကဟုတ်က ကားတွေပဲထိုင်ထိုင်ကြည့်နေတာကိုး ကိုယ့် ညီမအရွယ်လေးပြောသွားတာလေးနက်ပြီး တည်ကြည်တယ် အိမ်ထောင်ရှိတဲ့ယောကျာ်းတွေ၊ ရည်းစားရှိတဲ့ယောကျာ်းတွေ ထိကပါးရိပါးလုပ်ဖို့့လမ့်းဖွင့်ပေးမထားဘူးတဲ့”


“အဲ့ဒီလိုလာလုပ်ရင်လဲ သူ့သိက္ခာ ကိုစော်ကားတာတဲ့ တို့ခံယူချက်နဲ့ထပ်တူပဲ ညည်းကတော့ သူများ ယောကျာ်းမှန်သမျှလိုက်မယားငယ်ခံတာ ရှက်စရာလို့မှမတွေးပဲ အသက်မွေးဝမ်းကြောင်းအလုပ်တခုအနေနဲ့ သတ်မှတ်ထားတာကိုး ခုမှ အချစ်နဲ့တွေ့တယ်တို့ ဘာတို့ ခေါင်းစဉ်တပ်မပြနဲ့ နင်က လွန်ခဲ့တဲ့ အနှစ် အစိတ်ကျော်ထဲက သူများမယားငယ်လုပ်လာတာ ပြန်တွေးကြည့်ရင်ရှက်စရာကြီးပါ အကယ်ဒမီမရယ်” လို့ ဆိုကာ ရေးသားခဲ့ တာဘဲဖြစ်ပါတယ်။

ဒါလေးကို ဖတ်ကြည့်ပြီးရင်တော့ ချစ်တဲ့ ပရိသတ်တွေက ဘယ်သူ့ကို ရည်ညွှန်းတယ်ဆိုတာကို သိကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်အပေါင်းကိုကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 160846 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ