Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူများကို အရင်မဝေဖန်ခင် ကိုယ့်မျက်နှာကိုယ် မှန်ကြည့်ဖို့မမေ့ပါနဲ့ ဆိုတဲ့ မြတ်ကေသီအောင်

ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အကယ်ဒမီ သရုပ်ဆောင် မြတ်ကေသီအောင်ဟာ သူမကို အမြဲဝေဖန်ကြတဲ့ သူတွေကို ထိထိမိမိတန့်ပြန်လာပါတယ်။ သူမက သူမရဲ့ မိတ်ကပ်မပြင်ထားတဲ့ ပုံကိုတင်ပြီး အလှအပနဲ့ပတ်သက်ပြီးဝေဖန်ကြသူတွေကိုပြောပြလာပါတယ်။

“ရှက်စရာမှမဟုတ်တာ….ဒီပုံဟာ ဘာမှ မလိမ်းထားသလို အဖတ်တွေ အရည်တွေ မပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ပုံပါ။ မျက်နာပေါ် အလှဆုံးပြင်ပြီး အဖတ်တွေ ပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံတွေတင်ပြီး ကိုယ့်ကိုယ်ကို လှတယ်လို့ တခါမှ မပြောခဲ့ဖူးဘူး။ ဒါပေမဲ့ ကိုယ်လည်းလူထဲကလူမို့ လှချင်တာပေါ့.အဲ့တော့ အများနည်းတူ အဖတ်ပါတဲ့ကင်မရာတွေနဲ့ ရိုက်တာပဲလေ”

“အဖိုး အဖွားတွေက အစ ဆလ်ဖီဆွဲနေကြတဲ့ခေတ်မှာ ကိုယ်လှချင်တာ အဆန်းတော့ဖြစ်မယ်မထင်မိဘူး။ တချို့ တချို့ လူတွေက ကိုယ်တိုင်ဓာတ်ပုံတွေ ဗွီဒီယိုတွေကိုပါ အဖတ်တွေနဲ့ရိုက်ပြီ သူများကိုဝေဖန်နေတာတွေ တွေ့ရတော့ပြုံးမိတယ်”

“တချို့သော ယောက်ကျားတွေက ရုပ်ရှင်ထဲမှာပဲတွေ့ဖူး..အသဲအသန်ကြိုက်ကြပြီး မင်းသမီးယောက်ကျားဖြစ်ချင်တဲ့ အချစ်စစ်မပါတဲ့ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့လာတဲ့စိတ်ဓာတ်အောက်ကြတဲ့လူတွေလည်းကြုံရတော့ ပကာသနကိုမက်မောတဲ့ ဟန်ဆောင်တတ်တဲ့ ယောက်ျားတွေလည်းရှိသားပဲလို့ သိလိုက်ရတယ်”

“ကိုယ့်ဘဝမှာ ကိုယ်ချစ်လို့ပတ်သက်ခဲ့တဲ့ ယောက်ျားတွေဆီက (လက်ဆောင်ပေးတဲ့အရာကလွဲရင်) ဘာမှမယူသလို ဘာမှမတောင်းဆိုခဲ့ဘူး.ကိုယ်ကပဲ တတ်နိင်သလောက် သူတို့ဒုက္ခရောက်နေတဲ့အခါကူညီပေးခဲ့တာ.(ယူသွားတဲ့သူတွေ မဟုတ်ပါဘူးလို့ ငြင်းချင်ရင် လာငြင်းပါ.ဘာလို့ကူညီခဲ့ရလဲဆိုတဲ့အကြောင်းအရာနဲ့ ငွေ အမောက်ကိုလူသိရှင်ကြားစာရင်းချပြပေးမယ်)”

“တခြားလူတွေကို သွားမငြင်းနဲ့နော်.ကိုယ့်ဆီကို ကိုယ်တိုင်လာငြင်း.အပြင်လူကဘာမှ သိတာမဟုတ်ဘူးလေ😆😆 ပြောချင်တဲ့လိုရင်းတောင် ပျောက်သွားတယ်..မိတ်ကပ်တွေနဲ့ပုံမြင်ပြီး သိပ်လှနေတယ်လို့ထင်တဲ့သူတွေ သိစေချင်တာက ကိုယ်ဟာ အသက်၄၈ နှစ် သာမန် ရွက်ကြမ်းရေချို မိန်းမတယောက်ထက်မပိုပါဘူး”

“ကိုယ့်ရဲ့လက်ရှိ မျက်နာကိုမြင်ပြီး ချစ်တတ်တဲ့ သူကသာ ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ သူပါ.ကိုယ့်ရဲ့ မလှတဲ့ မျက်နှာဟာ ကိုအမေက အသက်နံ့ရင်းပြီး မွေးထားပေးခဲ့လို့ ရှက်စရာမဟုတ်သလို ဘယ်သူမှလည်း အပြစ်ပြောစရာမလိုပါဘူး..”

“သူများကိုပြောတော့မယ်ဆိုရင် မှန်ရှေ့မြန်မြန်ပြေးကြည့်လိုက်ပါ.ငါရောတော်တောပြည့်စုံလို့လားလို့..မှန်မရှိရင် ခုစာကိုဖတ်ပြီးဝယ်ထားလိုက်ပါတော့.မှန်ကြည့်ပြီးငါအလှကတော်တော်လှပြီးပြည့်စုံတယ်လို့ ထင်ရင် သေချာနေပြီ..သင့်မှာဘဝင်မြင့်ရူးရောဂါရှိနေပါပြီ..ဘယ်သူမှ ပြည့်စုံတဲ့သူမရှိတဲ့ လောကကြီးမှာ သင့်စိတ်ထဲ အဲ့လိုတွေမြင်နေပြီဆို ဆရာဝန်နဲ့ပြလိုက်ပါလို စေတနာနဲ့ အကြံပေးပါရစေ..” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်မြတ်ကေသီအောင်ဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတစ်ချို့မှာလဲ ပါဝင်သလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေးတွေကိုလဲ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။

Snow(mcc)

(Visited 1563 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ