Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူမအပေါ် စော်ကားတဲ့ သူတွေကို ဒီဘဝဒီမျှဘဲလို့ နှုတ်ဆက်လိုက်တဲ့ မယ်လိုဒီ

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ မယ်လိုဒီဟာ သူမရဲ့ ခံစားချက်တွေ ကို ဖေ့စ်ဘုတ်စာမျက် နှာကနေတစ်ဆင့် ပရိသတ်တွေကို ရင်ဖွင့်လေ့ရှိပါတယ်။ ယခုအခါမှာလဲ သူမရဲ့ ရင်တွင်းခံစားချက်တစ်ချို့ရဲ့ အကြောင်းကို ရင်ဖွင့်လာရင်း သူမ အပေါ်စော်ကားခဲ့သူတွေကို လဲ ဒီဘ၀ ဒီမျှပါဘဲ လို့ ဆိုပြီးလဲ ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ အမှန်မြင်၍လက်တွေ့ကျတဲ့ဘဝထဲ လူပီသဖို့ကြိုးစားရင်း ကိုယ့်အပေါ်စော်ကား တဲ့သူကိုလဲ ဒီဘဝဒီအမျှပါဘဲ နှုတ်ဆက်လိုက်ပါတယ်။ ငါ့စေတနာမေတ္တာစူးပါစေလို့ မကျိန်ရက်ပါဘူး စူးနှင့်နေပြီး သားဖြစ်နေလို့ပါ”

“သူတစ်ပါးကိုလွတ်မြောက်ခွင့်ပေးရင် နင်လည်း လွတ်မြောက်ခွင့်ရမှာပါ ဘယ်သူငါ့နာမည်ဖျက်ဖျက် ငါဘာမှမဖြစ်ဘူး။ နင်ငါ့နာမည်ဖျက်ရင်တော့ မေတ္တာစူးလိမ့်မယ်နော်။ ကိုယ့်လိပ်ပြာကိုယ်လုံပါစေ။ နတ်သမီးကျားဖောင်ကေ နအိမ်ပြန်ချိန်တန်ပြီ ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

မယ်လိုဒီဟာ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလာရပြီး ပွဲတက်နဲ့ ကြော်ငြာတွေလဲ ရိုက်ကူးလာရပါတယ်။ မယ်လိုဒီကိုချစ်တဲ့ပရိသတ်တွေက အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Snow(mcc)

(Visited 13697 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ