Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူမရဲ့ အကျင့်ကောင်းလေးတစ်ခုကို ထုတ်ပြောလာတဲ့ မီးမီးခဲ

အသံအားကောင်းကောင်းနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ယခုနောက်ပိုင်းမှာတော့ ကင်ဆာရောဂါဝေဒနာကို အကောင်းဆုံး တိုက်ထုတ်နိုင်ခဲ့ပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်လာတဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူမက ရန်ကုန်ကို အလည်ပြန်လာခဲ့ပြီး ဖျော်ဖြေပွဲလဲ လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် မြန်မာပြည်ကနေပြန်သွားခဲ့တာ ဖြစ်ပါတယ်။ သူမက ပြန်လည်ရောက်ရှိခဲ့ချိန်မှာတော့ စိတ်ဓာတ်ကြမှုတွေ ဖြစ်ခဲ့ပြီး ရောဂါရဲ့ အခြေအနေတွေကြောင့် သူမ စိတ်ညစ်ခဲ့ရတာတွေ စိတ်ဓာတ်ကြခဲ့ရတာတွေကို လဲ အသေးစိတ်ပြောပြလာခဲ့ပါတယ်။

သူမ ပြောပြခဲ့တာကတော့ ” ဘာကြောင့်အားတွေမရှိသလို ခံစားရတာလဲ?? အရိုးတွေအမြဲကိုက်ခဲတဲ့ဒဏ်ကလဲ ..လူကိုပင်ပန်းစေတယ်။မြန်မာပြည်မှာတရက်လေးမှ နားရက်မရှိ ခဲ့ပေမဲ့ စိတ်တွေဟာ တတ်ကြွလန်းဆန်းခဲ့ပေမဲ့..မိခင်တယောက်ရဲ့ဝန်တာနဲ့ယှဉ်ရင် တခြားစီပါပဲလား..ကလေးတွေရဲ့မနက်စာ ,နေ့လည် ညစာ ”

“ကလေး တွေရဲ့ကျောင်းထမင်းဘူး ,ရေချိုးပေးတာကအစ ကိုယ်လက်ကိုယ့်ခြေမှ ကျေနပ်သူမို့မောတာကလဲမပြောနဲ့လေနော်😃အခုတရက်နှစ်ရက်အတွင်း မောနေတယ်..ဒီကင်ဆာဆိုတဲ့ရောဂါ ဘာလို့ငါ့ကျမှ ဖြစ်ရတာလဲဆိုပြီး အားငယ်နေမိပြန်တယ်.. အရင်လို ခွန်အားသစ်တွေ ပြန်ရဖို့ဆုတောင်းနေမိတယ်”

“မနေ့က အားငယ်မိပေမဲ့ ၁ ရက်ပိုပြီးစိတ်ဓါတ်မကျတတ်တာ ကျွန်မရဲ့အကျင့်ကောင်းလေးပါ..ဒီနေ့မနက်တော့ လန်းဆန်းခြင်းတွေနဲ့နိုးထ သမီးကြီးကို ချစ်သူများနေ့ surprise လေးလုပ်ပေး သမီးငယ်က ကျောင်းသွား…စာတွေတောင်ရေးတတ် နေပါကော😍သားလေး ဆော့ စကားများ တော့ အမေ စိတ်ညစ်ဖို့တောင်မေ့😄” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

စိတ်အနည်းငယ် ညစ်နေတက်တဲ့ မီးမီးခဲ ကို အားပေးစကားလေးပြောပေးခဲ့ကြပါအုံး။

Snow(mcc)
Source – meemeekhel’sfb

(Visited 3818 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ