Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူမကြောင့် ဖခင်အပြောခံနေရလို့ စိတ်မကောင်းဖြစ်နေတဲ့ သံစဥ်မောင်

လတ်တစ်လော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ သံစဥ်မောင်ရဲ့ ရည်စားဟောင်းနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုသတင်းတွေကြောင့် ချစ်တဲ့ မိဘတွေကိုပါ ဝေဖန်ဆဲဆိုသူတွေရှိလာပါတယ်။ အဆိုပါ ဆဲဆိုမှုတွေကြောင့် ဘေဘီမောင်ကလဲ မိဘတွေကိုမဆဲကြပါနဲ့ဆိုကာ Live လွှင့်ပြီးတောင်းဆိုထားတာရှိ ပါတယ်။

ဒါ့အပြင် သံစဥ်မောင်ကလဲ သူမကြောင့် ဆဲဆိုခံနေရတဲ့ ဖခင် ကို ” ဖေကြီးရေ အရာရာအတွက် ကျေးဇူးတင်ပါတယ် 😔သမီးကြောင့်ဖေကြီးပါ အပြောခံနေရပြီ 😞” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

မော်ဒယ်သရုပ်ဆောင် သံစဥ်မောင် ဟာ ရည်းစားဟောင်း ဖြစ်သူ နာမည်ကြီး မင်းသားတစ်ယောက်ကိုအပြင်းအထန်နာကျင်စေမှု ဥပဒေ ပုဒ်မ၃၂၃ ဖြင့် တာမွေတရားရုံးမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

စိတ်သောကတွေနဲ့ ပြည့်နေတဲ့ ဘေဘီမောင် နဲ့ သံစဥ်မောင်တို့ ညီအစ်မ နှစ်ကို အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်။

Snow(mcc)
Source – thansin maung’sfb

(Visited 1705 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ