Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူနဲ့ပတ်သက်ပြီငြင်းခုန်တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ သူ့ကိုဝေဖန်သူတွေအပေါ် အငြင်းအခုန်ဖြစ်နေတာနဲ့ပတ်သက်ပြီး ဆက်လက်မငြင်းခုန်ကြဖို့ မေတ္တာရပ်ခံစာလေးရေးသားခဲ့ပါတယ်။ သူပြောပြခဲ့တာကတော့ ပညာသားပါပါနဲ့ ပြောပြခဲ့တာမို့ ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

သူက ” ကျနော်လည်းကိုယ့်သီချင်း ကိုယ့်ဂီတနဲ့ ကိုယ့်အလုပ်တွေကိုပဲ အာရုံစိုက်မယ် ကျနော့်ပရိသတ်တွေလည်း ကျနော်နဲ့ပတ်သက်ပြီး ငြင်းခုန်တာတွေ ဘာတွေမလုပ်ဖို့ မေတ္တာရပ်ခံပါတယ် ။ အခုလို Covid ကာလ အားလုံး စိတ်ရှုပ်ရတဲ့အချိန်မှာ ဘာမဟုတ်တဲ့ ကျနော့်ကိစ္စနဲ့ အချင်းများရတာ အားနာလှပါတယ် “

” ကျနော့် Fan တွေလည်း အခုကျနော့်ကို ကာကွယ်ပေးဖို့မလိုအပ်နေသေးပါဘူး အကူအညီလိုတဲ့အခါတောင်းပါမယ် ။ ဝေဖန်မှုတွေကနေလည်း ကျနော့်အတွက် ရှေ့ဆက်ဖို့ Energy တွေရရှိပါတယ် ( ဥပမာ ကျနော့်ကို ကော်ပီဆိုတယ်လို့ ​ပြောကြရင် ကိုယ်ပိုင်သီချင်းနဲ့ အောင်မြင်အောင်လုပ်ဖို့က ကျနော့်တာဝန်ပါ ၊ ကျနော့်ကို အိုက်တင်ညံ့တယ်ပြောကြရင် ကောင်းတယ်လို့ လက်ခံ သည်အထိ လေ့ကျင့်ဖို့ကျနော်ပြင်ဆင်ရမှာပါ ) ကျနော် အပြောမခံရဖို့ ကျနော်ကြိုးစားပါမယ် Negative တွေကို Positive ဖြစ်အောင်အားထုတ်ပါမယ် “

“ကျနော့်ကို အားပေးတာနဲ့ ကျနော့်ကိုပေးတဲ့ ချစ်ခြင်းမေတ္တာတွေကနေ Positive Energy အပြည့်ရရှိတာမို့ အဲဒါတွေက ကျနော် မသေမချင်းကြိုးစားဖို့ လုံလောက်ပါတယ် ။ မတူညီတဲ့အမြင်တွေနဲ့ကျနော့်အကြောင်းစိတ်ဝင်တစားပြောကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ကျနော့်ကို ကြိုးစားခွင့်သာပေးပါ ။အားလုံးကိုလေးစားပါတယ် ။ အဆင်ပြေကြပါစေခင်ဗျာ ” လို့ ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ အဆိုတော်ဘဝကနေ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး ရုပ်ရှင်ကားကြီးတွေနဲ့ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးပုံဖော်ခဲ့တဲ့ သူလဲဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးရုံတင်ပြသခဲ့တဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေကြားအရမ်းကို ဟော့ဖြစ်ခဲ့တာမို့ စိုင်းစိုင်းရဲ့ ချစ်ပရိသတ်တွေက ကြည့်မဝဖြစ်နေပါတယ်။

Snow(mcc)

(Visited 326 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ