Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူထောင်ကျနေချိန်မိဘတွေ ကွယ်လွန်ခဲ့ပြီး သူ့မိဘရဲ့အကြောင်းကို ပြောပြလာတဲ့ ဇာဂနာ

ဟာသလူရွှင်တော်အဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့သလို ဦးဇာဂနာဟာ ငယ်စဥ်က ခေါင်းမာမှုတွေကြောင့် ထောင်ကိုမကြာခဏရောက်ခဲ့ရသူဖြစ်ပြီး အဲ့ဒီလို ထောင်ထဲရောက်နေချိန်မှာဘဲ မိဘနှစ်ပါးလုံးကွယ်လွန်ခဲ့ တာကြောင့် ယခုချိန်မှာ မိဘတွေ သတိရရင်းနဲ့ မိဘတွေရဲ့ ခေါင်းမာခဲ့ပုံတွေကိုလဲ ပြောပြလာပါတယ်။

သူ ဒီအကြောင်းတွေပြောဖြစ်ခဲ့ပုံကို ” ကိုမြတ်ခိုင် တင်ထားတဲ့ ပုံက နေ ဆင့်ပွားလိုက်တာပါ။ ကျွန်တော့ အမေရော၊ အဖေရော ၊ ကျွန်တော်ထောင်ထဲ ရောက်နေတုန်းဆုံးပါးခဲ့ပါတယ်။ကျွန်တော်လိုက်မပို့ခဲ့ရသလို၊သူတို့ရုပ်ကလာပ်ကို မြင်ခွင့်မရခဲ့ပါဘူး။ သားသုံးယောက်မွေးထားတဲ့ မေမေဟာ၊သမီးတွေ ကို ချစ်တတ်ပါတယ်။ ရီရီ ၊ကလျာ၊အေးမိုး တို့ကတော့ သူ့သမီးတွေပေါ့။အဲသည် သုံးယောက်လဲ ၊နိုင်ငံရေးမှာ ခေါင်းမာ ကြလေ ရဲ့”

“သားအကြီးကလဲ ၅ည နဲ့ထောင်ကျ၊ သားအငယ်ကတော့ ၅ည မကဘူး။တထောင့်တည မကဘူး ထောင်ထဲရောက်ရ။သားတွေနဲ့ပတ်သက်တဲ့ နိုင်ငံရေးသားတွေ သူ့မှာ များတယ်။ဘုန်းကြီးကစလို့ဖိနပ်ချုပ်တဲ့သူအထိ။ ဖေဖေ ကတော့ ပြုံးနေတာ။ ကျွန်တော်သိတာပေါ့။မေမေ့ထက်မာတယ်။​သေသည်ထိ ရဟန်းမတက်ဘူး။ရွှေတိဂုံဖူးမသွားဘူး။ဒေါ်အောင်ဆန်းစုကြည် ရဲ့ခြံထဲ မှာ စာပေဟောပြောပွဲ သွားဟောလို့၊ သူ့နာမည်ကို စာရေးခွင့်ပိတ်ခဲ့တာ သူ သေ သည်ထိ ပဲ”

“အဲ့သလို သွားဟောခဲ့တာ မှားပါတယ် လို့ လက်မှတ်ထိုး ပေးရင် ၊ စာ ရေးခွင့်ပြုမယ်ဆိုတော့၊ သူပြုံးတယ်။​သေ သည် ထိ နန်းညွန့်ဆွေ နာမယ် အသုံးပြုခွင့် ရမသွားဘူး။ သူဝမ်းနည်းမှာ မဟုတ်ဘူး။ သည်အဖေ သည်အမေ က မွေးလာတဲ့ သည်သားလဲ ခေါင်းမာတယ်ထင်ရဲ့။အမေနဲ့ပိုတူတယ်လို့ ပြောကြသလို ၊သူများကို နာ အောင်လဲ ပြောတတ်တယ်။ဟင် ဆို ပြီးရင် လှည့်မကြည့်တတ်ဘူး။သေချာတာက ဘယ်အစိုးရ ပေးတာမှ မရဖူးသလို မယူဖူးဘူး။ဘယ်သူ့မျက်နှာမှလဲ မထောက်ဘူး။သို့သော် မိဘအမွေ လူကဲခတ် မညံ့ တတ် ဘူး။လိုအပ်ရင် မီးလက်ဝါး ရေခဲတောင်သိုင်းတွေ ထုတ်သုံးမှာ။ စကားမစပ် ဇာဂနာ ဟာ လူဝင်စားပါ” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

ဦးဇာဂနာကိုချစ်တဲ့ ပရိသတ်တွေက သူပြောပြခဲတဲ့ သူ့ မိဘတွေရဲ့ အကြောင်းတွေကို သိရှိနိုင်စေဖို့အတွက် ​ပရိသတ်ကြီးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေအားလုံး ဖတ်ရူ့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 6838 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ