Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူတို့ခေါင်းထဲက ကိုယ့်ကို ထုတ်မရသေးလို့ ကိုယ့်အကြောင်းပြောနေကြတာပါလို့ ဆိုတဲ့ ချမ်းချမ်း

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ဖန်တီး သီဆိုတက်တဲ့ အဆိုတော်ချမ်းချမ်းဟာ သူမအပေါ်မကောင်းပြောသူတွေကို ထိမိတဲ့ စကားလုံးတွေနဲ့ ပြောဆိုလာပါတယ်။ သူမဟာ ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ ပြတ်ဆဲပြီးနောက် သူတို့နှစ်ဦးရှိခဲ့တဲ့ သမီးလေးကို တစ်ယောက်တလှည့် ထိန်းသိမ်းစောင့်ရှောက်နေကြတာလဲ ဖြစ်ပါတယ်။ မိန်းမသားတစ်ယောက်အနေနဲ့ ကြိုးစားရုန်းကန်နေရတဲ့ အချိန်မှာ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေ ဝေဖန်မှုတွေရှိနေခဲ့ပြီး အဲ့ဒီဝေဖန်မှုတွေကို ချမ်းချမ်းက တုန့်ပြန်လာပါပြီ ။

သူမ တုန့်ပြန်လိုက်တာကတော့ ”လူတိုင်းအလှဆုးံလူဖြစ်ချင်တယ်..အိမ်ထောင်မကျခင်ရော..ကျပြီးချိန်ရော..ဒါပေမဲ့ ဘဝကိုရုန်းကန်ရတဲ့အမေနဲ့ သက်တောင့်သက်သာယောကျာ်းရှာစာကိုထိုင်စားရတဲ့ အမေဆိုတာမတူပါဘူး..ကလေးအတွက်ပင်ပန်းတာခြင်းတူပေမဲ့ ပိုက်ဆံအတွက်မပူရလို့ သူတို့မျက်နှာဘေးတေက ကြည်ရွှင်နေတယ်…ကိုယ်တွေတော့ပိုက်ဆံထွက်ရှာပြီးမိသားစုကိုအချိန်ပြည့်မစောင့်ရှောက်နိုင်ခဲ့လို့..မိန်းမမြတ်မဖြစ်ခဲ့ဘူး ”

”မိန်မတိုင်းကိုယ့်မိသားစုကိုချစ်ကြတယ်..ကိုယ်မရှိရင်တောင်လင်နဲ့သားသမီးတေအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတတ်ကြတယ်…တယောက်နဲ့တယောက်ချစ်တတ်ပုံချင်း..ဂရုစိုက်ပုံခြင်းမတူကြဘူး…ဘယ်လိုပဲဖစ်ဖြစ်မိန်းမဆိုတာမိသားစုကလွဲရင်ကျန်တာစိတ်မဝင်စားတတ်ကြပါဘူး….သူများမိသားစုတွေလိုပျော်ရွှင်စရာတွေရှိရင်မျှဝေကြ..စိတိညစ်စရာဆိုလဲဖေးမကြနဲ့ ..ကိုယ်လဲတဘဝလုးံစာရည်ရွယ်ခဲ့ပါတယိ…ကိုယ့်အလှည့်ကျဖြစ်မလာခဲ့ဘူး ”

ဘယ်သူ့ကိုမှလဲအပြစ်မတင်တော့ပါဘူး…သမီးအတွက်..အကောင်းဆုးံကြိုးစားခဲ့ပေမဲ့..ရလဒ်မကောင်းခဲ့ဘူး။ ကိုယ့်ကို တိုက်ခိုက်ပြောဆိုနေတဲ့သူတွေကိုကြည့်လိုက်တော့ ကိုယ်နဲ့သိခဲ့တဲ့သူတွေ..ကိုယ်နာကျင်ခံစားရပြီးတယောက်ထဲ ကလေးတဖက်နဲ့ လမ်းပျောက်နေတုန်းက..ပျော်ရွှင်ဖေးမမှုတေနဲ့ အဝေးဆုးံမှာရှိနေခဲ့တုန်းက စိတ်မကောင်းသလိုရှိပေးခဲ့ကြတယ်..ကိုယ့်ဘဝလေးအသစ်ပြန်ဖြစ်လာပြီး..ကိုယ့်ကိုချစ်တဲ့သူတေနဘေးမှာရှိလာတော့…မနာလိုမှုတွေနဲ့ကိုယ့်ကိုအတင်းတွေပြောလာတယ်…ထိုးနက်လာကြတယ်..”

”အော်..လူတွေ လူတွေ…လိုက်ဂရုစိုက်နေလို့ကတော့ ကိုယ်ရေပဲသောက်သောက် ထမင်းပဲစားစား အပြစ်ပြောလို့ပြီးမှာမဟုတ်ဘူး..အခုချိန်ကစလို့ ကိုယ်ပျော်ဖို့နဲ့စိတ်ချမ်းသာဖို့ပဲတွေးတော့မယ်..သူတပါးကိုမထိခိုက်သရွေ့ ကိုယ့်ဖာသာကိုယ်ချစ်ရမယ်..စိတ်ချမ်းသာအောင်နေရမယ်ဆိုတာ..သိလာတယ်..ဘာရယ်မဟုတ်ပါဘူး…ပြုံးမိတယ်။ ကိုယ့်ကို တိုက်ခိုက်ဖို့ ..အတင်းပြောဖို့သူတို့လုပ်နေ..ရေးနေကြပြီဆိုကတည်းက..ကိုယ်ကသူတို့ထက်သာနေပြီလေ..ကိုယ့်ကိုသူတို့ခေါင်းထဲကထုတ်မရလို့ပဲဆိုတာသိတော့..မေတ္တာပို့ပေးလိုက်တယ်…အကုသိုလ်တွေကင်းကြပါစေ..ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်ကြပါစေပေါ့..” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အဆုံးထိဖတ်ရှု့ပေးကြလို့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Chan Nyein’sfb

(Visited 1814 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ