Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူစိမ်းအိမ် ရဲ့ Pajama Party ကိုတက်ရောက်ခဲ့တဲ့ ဖွေးစိန်ရဲ့ပုံရိပ်လေး

ပရိသတ်သတ်တွေရဲ့ အချစ်တော် နိုင်ငံကျော် မင်းသမီးချော ဖွေးဖွေးက တော့ တစ်ခုခုလုပ်တဲ့အခါ သူများတွေ ထက်ကိုထူးခြားနေခဲ့ပါတယ်။ ထူးခြားနေပုံလေးကိုပြောပါဆိုရင် သူစိမ်းအိမ် ရဲ့ Pajama Party လေးကို ညအိပ်ဝတ်စုံလေးတွေ နဲ့ လာရောက်ကျတဲ့အထဲမှာ သူမ ရဲ့ပုံရိပ်လေးက အရမ်းကိုချစ်စရာကောင်းနေပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီး ကလဲ တကယ့်ကို ထူးခြားတဲ့အစီအစဉ်တွေနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင်လုပ်နေပါတယ်။

အဆိုပါ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Pajama Party ကို ဇူလိုင်လ(၂ဝ) ရက်နေ့က ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ Pajama Party ပွဲကို နာမည်ကြီး အနုပညာရှင် တစ်ချို့နဲ့ ဒါရိုက်တာ တွေလဲ တက်ရောက်ခဲ့ကြပါတယ်။ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဘဲဖြစ်ပါတယ်။

သူစိမ်းအိမ်ရုပ်ရှင် ဇာတ်ကားကြီးမှာတော့ ပြည်သူချစ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင့်ထူး၊ ကူးကူးဇင်အောင်နဲ့ မြတ်နိုးအေးတို့က အဓိကပါဝင်သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ် ။

ပရိသတ်တွေ ကလဲ ဒီရုပ်ရှင်ဇာတ်ကားကြီးကို နမူနာ ဗီဒီယို ကြည့်ပြီးတဲ့ အချိန်ထဲက သရဲကားလား၊ လူသတ်ကား လားဆိုကာ စိတ်ဝင်စားနေကြပါတယ်။ လက်တစ်လောမှာတော့ ချစ်စရာဖွေးစိန်လေးရဲ့ အလှပုံရိပ်လေးတွေကြည့်ပြီး တစ်ခုခုပြောခဲ့ကြနော်။

Source – Phway Phway’s fb၊ Nay Min Tun’sfb

(Visited 3035 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ