Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူငယ်ချင်း ဆိုတာ ဝေးနေတိုင်းမေ့သွားမှာမဟုတ်ဘူးလို့ ပြောလာတဲ့ ထူးအယ်လ်လင်း

ပရိသတ်တွေကြားမှာ ထူးခြားတဲ့ အသံပိုင်ရှင်အဖြစ်နဲ့ နာမည်ကြီးခဲ့ပြီး သူ့ရဲ့တွဲလက်များ၊ အချစ်လို့ခေါ်မလား အစရှိတဲ့ သီချင်းတွေက လူငယ်ရော၊လူကြီးပါကြိုက်နှစ်သက်ကြတဲ့ သီချင်းတွေပါ။ သူဟာ ယခုနောက်ပိုင်းမှာတော့ သီချင်းဆိုတာထက် ပရဟိတတွေနဲ့ သာသနာပြုလုပ်ငန်းတွေကို ပိုပြီးလုပ်ကိုင်လာပါတယ်။ ဒါ့အပြင်သူက စကားပြောကောင်းသလို ပညာသားပါတဲ့ စာသားလေးတွေကို လူမှုကွန်ယက်ကနေ အမြဲမျှဝေလေ့ရှိပါတယ်။

ယခုအခါမှာတော့ သူငယ်ချင်းရဲ့ အဓိပ္ပယ်ကိုဖွင့်ဆိုလာပါတယ်။ သူပြောခဲ့တာကတော့ “ ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။ ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက် တွေပြောခွင့်ရတယ်။ မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။ သတင်းတွေ မကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး”

“သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ ငါတို့မှာ အကွာအဝေးဆိုတဲ့သတ်မှတ်ချက်မရှိတော့ပာဘူး။ ရင်ဘက်ထဲ သူငယ်ချင်းဆိုတဲ့ သစ်ပင်ကို အမြစ်တွယ်အောင် စိုက်ခဲ့ပြီပဲ ။ မေ့သွားတယ်ဆိုတာမရှိခဲ့လို့ သတိရစရာလည်း မလိုခဲ့ပါဘူး ။ သူငယ်ချင်း ဟာ သူငယ်ချင်းပါပဲ”

“ဒီတစ်သက်မပြောင်းလဲတဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချင်းချင်း တန်ဖိုးထား ပါတယ် သူငယ်ချင်း ။ငါနားလည်သလို မင်းလည်းပဲ နားလည်မယ်ဆိုတာ ငါ ယုံကြည်ပါတယ် သူငယ်ချင်း….” လို့ဆိုပြီး စစ်မှန်တဲ့ သူငယ်ချင်းတွေက နားလည်မှုတွေ ယုံကြည်မှုတွေရှိကြတယ်ဆိုတဲ့ အကြောင်းကို ပြောပြလာတာဘဲဖြစ်ပါတယ်။

ပရိသတ်ကြီး မှာရော အချစ်ဆုံးသူငယ်ချင်းတွေရှိလား ? ရှိရင် သူငယ်ချင်းထံကို မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ထူးအယ်လင်း’s fb

(Visited 80 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ