Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူငယ်ချင်း ကလေးမွေးမှာ ကို မုန့်တွေများစွာနဲ့ ရင်ခုန်စွာ စောင့်စားနေတဲ့ ဖွေးဖွေး

ပရိသတ်တွေချစ်တဲ့ အပျိုကြီးမမဖွေးဖွေး ဟာ သူငယ်ချင်းဖြစ်သူ စာရေးဆရာမ မာရင်ရင် ကလေးမီးဖွားဖို့အတွက် ဆေးရုံမှာ မုန့်တွေတစ်သီကြီးဝယ်ကာ သွားစောင့်နေပါတယ်။ သူမက သူငယ်ချင်းရဲ့ ကလေးလေးကို တွေ့ရဖို့ ရင်တွေတောင် ခုန်နေပါပြီဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ “ အချစ်ရဆုံး မီးပုံးပျံနှင့် တစ်ထောင့်တစ်ည..နက်ဖန်မွေးတော့မယ် တဲ့တော့!!! ရင်တွေခုန်လှပါဘိ! 😇🤍🤍 Showering with snacks for my Bff 🙆♀️🙆♀️” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

သူငယ်ချင်း ဖြစ်သူ မာရင်ရင် ကလဲ “ အမကြီးနော် ကလေးလာထိန်းတာလား မုန့်လာစားမှာလား” လို့ ဆိုကာ ဖွေးဖွေးရဲ့ မုန့်တွေအပုံလိုက်ကြားထဲက ပုံတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။

ဖွေးဖွေးက မကြာသေးခင်ကမှ Love Equation ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလာခဲ့ပြီး ထပ်မံရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေလဲ များစွာ ရှိနေပါတယ်။ ယခုအခါမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ကြည့်ရှု့ရင်း အချစ်တွေ တိုးနိုင်ကြပါစေနော်။

Snow(mcc)

(Visited 11415 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ