Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူငယ်ချင်းရေ အခွင့်အရေးဆိုတာ နှစ်ခါပြန်မရဘူး လို့ ဆိုလိုက်တဲ့ မိုးမိုး

မိုးမိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူငယ်ချင်းတစ်ယောက်အတွက် စိတ်မကောင်းဝမ်းနည်းနေရတယ် ဆိုတဲ့ စာတစ်ချို့ကို ရေးသားလာပါတယ်။ သူက သူငယ်ချင်းဖြစ်သူဘယ်သူဘယ်ဝါလို့ မဆိုထားပေမယ့် အဲ့ဒီသူငယ်ချင်းအတွက်တော့ သူတော်တော်လေး ယူကြုံးမရဖြစ်နေပါတယ်။ ပရိုဂျူဆာက ငွေထုတ်ပိုက်ပြီး လိုက်နေတာတို့၊ ဆုံးရှုံးရတာ မင်းကိုယ်တိုင်နဲ့ အနုပညာတင်မဟုတ်တော့ဘူး ပရိတ်သတ်ကပါ မင်းကိုဆုံးရှုံးရတာ တို့ ဆိုတဲ့ စကားလုံးတွေက သူ့ရဲ့ သူငယ်ချင်းဟာ အနုပညာရှင်တစ်ဦးတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။

မိုးမိုး ရေးသားခဲ့တဲ့ အပြည့်အစုံက “ သူငယ်ချင်းရေ အခွင့်အရေးဆိုတာ နှစ်ခါပြန်မရဘူးဆိုပေမယ့် မင်းက နှစ်ခါတိတိပြန်ရတာတောင် ကိုယ့်ဘဝကိုယ် ဖျက်ဆီးရက်တယ်ကွာ ? ပရိုဂျူဆာက ငွေထုပ်ပိုက် မင်းနောက်လိုက်နေတာတောင် ကိုယ့်ကိုကိုယ် တန်ဖိုးမထား လေတော့ ဆုံးရှုံးရတာ မင်းကိုယ်တိုင်နဲ့ အနုပညာတင်မဟုတ်တော့ဘူး ပရိတ်သတ်ကပါ မင်းကိုဆုံးရှုံးရတာ စိတ်တွေတောင် ညစ်သွားတယ်ကွာ အမြန်ဆုံးအမြင်မှန်ရပြီး လမ်းမှန်ပေါ်ပြန်ရောက်ပါစေကွာ ??” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

မိုးမိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း သီချင်းအသစ်တွေလဲ ထွက်လာဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ သူရဲ့ ယခင်ကအောင်မြင်ခဲ့တဲ့ သီချင်းပေါင်းများစွာရှိခဲ့ပြီး ယနေ့ချိန်ထိ နားထောင်ဖြစ်နေကြတဲ့အသက်(၄၀) သီချင်း ကတော့ တကယ့်ကို အကျော်ကြားဆုံးပါဘဲ။ မိုးမိုးက အလုပ်တွေအပြင် သူချစ်ရတဲ့ သမီးတွေ၊ သားတွေ နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကြီးကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

Source – moe sithu kyaw’sfb

(Visited 1322 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ